Thursday, January 29, 2009

မန္တလေးက WiMax IT စကားဝိုင်း

WiMax နည်းပညာ IT စကားဝိုင်းကို ကွန်ပျူတာပညာရှင်အသင်း (မန္တလေးတိုင်း)ကကြီးမှုးပြီး ၂၅ ရက် နေ့လည် ၁နာရီမှာ RedLink Communication Company ကSponser ပေးပြီး ဆရာဝန်အသင်း ခန်းမမှာ ကျင်းပခဲ့တယ်.. မြန်မာတယ်လီပို့က ဦးဥက္ကာ နဲ့ RedLink ကမန်နေဂျာ ဦးစိုးထွန်း ၊ ဦးမျိုးမင်းညွန့် တို့က အဓိကပြောကြားပြီး ကွန်ပျူတာအသင်းရုံးက ဒုဥက္ကဌ ဦးလှကောင်း ၊E.C member ကိုဇော်မင်း ၊ကိုဖြိုးဝေအောင် ၊ကိုဇော်ရဲသူ တို့မှဝင်ရောက် ဆွေးနွေးကြပါတယ် လာတဲ့သူတိုင်းကို RedLinkက WiMax Plan ကြော်ငြာစာရွက်နဲ့ အတူ…. ပင်မှည့်ဖျော်ရည်နဲ့ ဆမ်းဝစ်အထုတ် ကလေးတွေပေးပါတယ်..

အဲဒီနေ့က ကျောင်းသားတွေလဲ တော်တော်တော့ လာကြပါတယ်.. ဒါပေမဲ့ အရင် MICT Park တုန်းက လောက်တော မများသလိုဘဲ ….. ကွန်ပျူတာအသင်း အနေနဲ့လဲ MICT Park မီးလောင်ပြီးတဲ့ နောက်ပိုင်း Seminar ကို ပြန်ကျင်းပ ဖြစ်တာ ပထမဆုံးဖြစ်တာပါ။ မန္တလေးကလဲ WiMax Internet ကို တော်တော် စိတ်ဝင်စား ပါတယ် ။ဒါပေမဲ့ သိပ်မသိသေး ကြပါဘူး ။ Wi Fi နဲ့ WiMax အဓိပ္ပါယ်ကိုရောထွေး နေကြတယ်… လာမဲ့ မတ်လ ကွန်ပျူတာပြပွဲမှာတော့ WiMax ကို ပိုလူသိများမယ် ထင်ပါတယ်..

အဲဒီနေ့က WiMax နဲ့ချိတ်ဆက်ပြီး Camera နဲ့ Monitoring လုပ်တာကို Hoetl Mandalay မှာ Camera ဆင်ထားပြီး Seminar Room ထဲကနေကြည့်တဲ့ presentation ပြသွားပါတယ်…. WiMax ကို ရဲဌာန ၊ Medical Check up စင်တာတွေမှာ ဘယ်လိုအသုံးချလို့ရတယ် ဆိုတဲ့သရုပ်ပြရှင်းလင်းမှု ကလဲစိတ်ဝင်စားဖို့ ကောင်းတယ် .. စာနယ်ဇင်း တော်တော်များများတော့ သတင်းယူဖို့လာကြတယ်… ဒါပေမဲ့ IT စကားဝိုင်းက သူတို့အတွက် အခေါ်အဝေါ်တွေစိမ်းနေသလို ဖြစ်နေတာရယ် အလုပ်ကိစ္စရှိတဲ့သူတွေနဲ့ ဆိုတော့ ခဏနေတော့ အလျိုလျိုနဲ့ ပြန်သွားကြပါတယ်… ဆွေးနွေးသူတချို့အနေနဲ့လဲ စကားပြောနဲနဲလုံးနေ သလို ဖြစ်တော့ နားထောင်ရတဲ့သူအတွက်..သိပ်နားမလည်လိုက်ရတာတွေလဲရှိပါတယ် ...... ဘာဘဲဖြစ်ဖြစ်တော့ ဒီပွဲလေးက နှစ်ဦးနှစ်ဘက်တော်တော်အကျိုးရှိစေပါတယ် ။ပညာရှင်တွေရဲ့ အမြင်တွေကိုလဲ ပြည့်ပြည့် စုံစုံသိခွင့်ရတယ်လေ …. ကျွန်မ အနေနဲ့ကတော့ နည်းပညာ ခေတ်ကြီးထဲမှာ နေရတဲ့အတွက်ရော …ကိုယ်ရဲ့ Academic ကလဲ ကွန်ပျူတာပိုင်း နဲ့ဆိုတော့ …… ဒီလိုဆွေးနွေးပွဲမျိုးတွေကိ အတော်သဘောကျမိပါတယ်.. ကိုယ်ကိုယ်တိုင် အင်တာနက်ထဲမှာ ရှာဖတ်တာထက်ကို ကိုယ်မသိတာတွေနဲ့ အများရဲ့အမြင်ကိုသိခွင့်ရလို့ပါ ။...........


1 comment:

kyaw said...

ပညာရှင် တွေတွေးတောစေသင့်တယ်။
ဘာလို့ထပြန်ကြတာလဲလို့။

<$BlogPageTitle$> <$BlogMetaData$>