Sunday, September 16, 2007

မိုးရေထဲမှာ .....

သူများတွေကတော့ မိုးရွာတာကို မကြိုက်ကြဘူးတဲ့ .... မိုးအရမ်းရွာရင်သွားရေး လာရေးလည်း မလွယ်လို့ ပါလို့ပြောတယ် ။ ကိုယ်ကတော့ မိုးတော ထဲမှာ ကြီးခဲ့ရသူမို့ ကျောင်းသူဘ၀တုန်းကလည်း မိုးရေထဲမှာဘဲ အမြဲပြေးလွှားနေခဲ့ ရတယ် ........ ဒါကြောင့် မို့နေမှာ ၁၀တန်းထိကို ကျောပိုးအိတ်ဘဲ လွယ်တတ်ခဲ့တာနေမှာ ..... မန္တလေးက ကျောင်းသူလေးတွေလို လွယ်အိတ်လေး ဘေးချပြီး Slipper အဖြူလေးတော့ မစီးခဲ့ရဘူး ..... မိုး .......ရေ ... အဲဒါလည်း မိုးကြောင့်ဘဲနော် ..... တစ်ခါတုန်းကပေါ့ မှတ်မပိါသေးတယ် .... ကျူရှင်က အပြန် မိုးတွေကလည်း မှောင်မဲပြီး ရွာနေတယ် .. ကိုယ်အိမ်ပြန်တဲ့ လမ်းလေးမှာ ထီးလေးတစ်လက်နဲ့ ကျောပိုးအိတ်လေးလွယ်ပြီး လမ်းလျှောက်လာတုန်း လျှက်စီးတွေ တအားလက်ပြီး မိုးခြိမ်းလိုက်တာ ဆက်တိုက်ကြီးဆိုတော့ တအားကို လန့်သွားတာပေါ့ ..... အဲတုန်းကလဲ ကြောက်ကြောက်နဲ့ တစ်ယောက်တည်း ငိုပြီး တန်းခနဲဘဲ အိမ်ထိ ပြေးလာတော့တာဘဲ ။ ဒါက အထက်တန်းကျောင်းသူဘ၀ မိုးကုတ်မှာလေ ။ ......

.... ဒီနေ့ မန္တလေးမှာညကတည်းက နေ့လည်လောက်ထိကို မိုးတွေက သည်းသည်းမဲမဲကို ရွာနေခဲ့တယ် ။ မနက် အိပ်ရာထတော့ တော်တော် မှောင်ပြီ မိုး ရွာနေတော့ ရုံးသွားဖို့က အဆင်မပြေဘူး ။ မေမေက မိုးရွာရင် မန္တလေးက ကျောင်းမတတ်ကြဘူး ..သမီးမသွားနဲ့တော့တဲ့ ။ တခါတလေလည်း အဆန်းဘဲနော် ။သူဒေသနဲ့သူပေါ့လေ ..... မိုးရွာတိုင်းသာ ကျောင်းမသွားကြေးဆိုရင် ကျွန်မက စာတတ်ခဲ့မှာ ဟုတ်ဘူးနော် ..... ကျွန်မကျောင်းသားတွေများ စောင့်နေမလားဆိုပြီး စိတ်ကမချ.. ရုံးကို တခွမ်ခွမ်ဖုံးဆက်ပြီး အမကျောင်းသားတွေ လာပြီလားလို့ မေးရပေါ့ ။ သြော် .. ဒီတစ်ခါတော့ ကိုယ်ကကျောင်းသူ အနေနဲ့တော့ ဟုတ်တော့ဘူး ။ မိုးသည်းနေတဲ့ ကြားက ဇွတ်ကို အိမ်ကထွက်ခဲ့ရတယ် ။ .. နေကလည်း သိပ်ကောင်းတာ မဟုတ်တော့ အဖေကလည်း ဆူတာပေါ့ ။ ကျန်းမာရေးက အရေးအကြီးဆုံး ဆိုပြီး ။ ဒီတခါ မိုးတော့ မခြိမ်းပါဘူး ။ ဒါပေမဲ့ မိုးရေထဲမှာဘဲ ... .. ငယ်ငယ်က အကြောင်းကို အမှတ်ရနေမိတယ် ။ မိုးရေထဲမှာလေ ..........





5 comments:

မျှားပြာ said...

မိုးရေထဲမှာလေ
ဘောလုံးတွေကန် ...
ရေတွေကူး
ပြီးတော့ .....
သိတော့ဘူး

Layma said...

ငယ်ငယ်က အကြောင်းကို အမှတ်ရနေမိတယ် ။ မိုးရေထဲမှာလေ ..........
….ဂူးဂူး..မိုးရေထဲမှာ ဘာလုပ်လဲ …ထင်နေတယ်နော်…ထင်နေတယ်… ငယ်ငယ်ကဆိုတော့..

Steven Alexander said...

အခုအရွယ်အထိ သည်းသည်းမည်းမည်းရွာနေတဲ့ မိုးရွာထဲမှာ စိတ်လွတ်ကိုယ်လွတ် လမ်းလျှောက်ချင်တုန်း

gue said...

မိုးရေထဲမှာ... လျှောက်သွားခဲ့ရတာကို သတိရမိလို့
တစ်ယောက်တည်းပါ. ... မမလေးမရယ် .. :) (မမေးဘဲ အရမ်းဖြေချင်နေတာ အဟိ)

ဟုတ်တယ်နော့် ကို steven ရေ .. စိတ်လွတ် ကိုယ်လွတ်လမ်းလျှောက်ရတာ
အရမ်းကောင်းပေါ့ :)

Wireless said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Wireless, I hope you enjoy. The address is http://wireless-brasil.blogspot.com. A hug.

<$BlogPageTitle$> <$BlogMetaData$>