Sunday, September 16, 2007

မိုးရေထဲမှာ .....

သူများတွေကတော့ မိုးရွာတာကို မကြိုက်ကြဘူးတဲ့ .... မိုးအရမ်းရွာရင်သွားရေး လာရေးလည်း မလွယ်လို့ ပါလို့ပြောတယ် ။ ကိုယ်ကတော့ မိုးတော ထဲမှာ ကြီးခဲ့ရသူမို့ ကျောင်းသူဘ၀တုန်းကလည်း မိုးရေထဲမှာဘဲ အမြဲပြေးလွှားနေခဲ့ ရတယ် ........ ဒါကြောင့် မို့နေမှာ ၁၀တန်းထိကို ကျောပိုးအိတ်ဘဲ လွယ်တတ်ခဲ့တာနေမှာ ..... မန္တလေးက ကျောင်းသူလေးတွေလို လွယ်အိတ်လေး ဘေးချပြီး Slipper အဖြူလေးတော့ မစီးခဲ့ရဘူး ..... မိုး .......ရေ ... အဲဒါလည်း မိုးကြောင့်ဘဲနော် ..... တစ်ခါတုန်းကပေါ့ မှတ်မပိါသေးတယ် .... ကျူရှင်က အပြန် မိုးတွေကလည်း မှောင်မဲပြီး ရွာနေတယ် .. ကိုယ်အိမ်ပြန်တဲ့ လမ်းလေးမှာ ထီးလေးတစ်လက်နဲ့ ကျောပိုးအိတ်လေးလွယ်ပြီး လမ်းလျှောက်လာတုန်း လျှက်စီးတွေ တအားလက်ပြီး မိုးခြိမ်းလိုက်တာ ဆက်တိုက်ကြီးဆိုတော့ တအားကို လန့်သွားတာပေါ့ ..... အဲတုန်းကလဲ ကြောက်ကြောက်နဲ့ တစ်ယောက်တည်း ငိုပြီး တန်းခနဲဘဲ အိမ်ထိ ပြေးလာတော့တာဘဲ ။ ဒါက အထက်တန်းကျောင်းသူဘ၀ မိုးကုတ်မှာလေ ။ ......

.... ဒီနေ့ မန္တလေးမှာညကတည်းက နေ့လည်လောက်ထိကို မိုးတွေက သည်းသည်းမဲမဲကို ရွာနေခဲ့တယ် ။ မနက် အိပ်ရာထတော့ တော်တော် မှောင်ပြီ မိုး ရွာနေတော့ ရုံးသွားဖို့က အဆင်မပြေဘူး ။ မေမေက မိုးရွာရင် မန္တလေးက ကျောင်းမတတ်ကြဘူး ..သမီးမသွားနဲ့တော့တဲ့ ။ တခါတလေလည်း အဆန်းဘဲနော် ။သူဒေသနဲ့သူပေါ့လေ ..... မိုးရွာတိုင်းသာ ကျောင်းမသွားကြေးဆိုရင် ကျွန်မက စာတတ်ခဲ့မှာ ဟုတ်ဘူးနော် ..... ကျွန်မကျောင်းသားတွေများ စောင့်နေမလားဆိုပြီး စိတ်ကမချ.. ရုံးကို တခွမ်ခွမ်ဖုံးဆက်ပြီး အမကျောင်းသားတွေ လာပြီလားလို့ မေးရပေါ့ ။ သြော် .. ဒီတစ်ခါတော့ ကိုယ်ကကျောင်းသူ အနေနဲ့တော့ ဟုတ်တော့ဘူး ။ မိုးသည်းနေတဲ့ ကြားက ဇွတ်ကို အိမ်ကထွက်ခဲ့ရတယ် ။ .. နေကလည်း သိပ်ကောင်းတာ မဟုတ်တော့ အဖေကလည်း ဆူတာပေါ့ ။ ကျန်းမာရေးက အရေးအကြီးဆုံး ဆိုပြီး ။ ဒီတခါ မိုးတော့ မခြိမ်းပါဘူး ။ ဒါပေမဲ့ မိုးရေထဲမှာဘဲ ... .. ငယ်ငယ်က အကြောင်းကို အမှတ်ရနေမိတယ် ။ မိုးရေထဲမှာလေ ..........





Friday, September 7, 2007

ဓါတ်ဆီထုတ်ရတဲ့ ဒုက္ခ…


ဓါတ်ဆီဈေးကြီးတာ မကြီးတာ က အသာထားဦး ။ ကျွန်မကတော့ မန္တလေးမှာ ဆိုင်ကယ်ဆီ ထုတ်ရတဲ့ ဒုက္ခကို အမြဲကြုံရပါတယ် ။ ဓါတ်ဆီက ဆိုင်ကယ်တစ်စီး(ယ/၁ယ) တစ်လကို ၁၀ ဂါလံထုတ်ရတယ် …. မတလ ဆိုင်ကယ်ဆို တစ်လ ၄ ဂါလံပေါ့ … ကျွန်မ က ဆိုင်ကယ် ၂ စီးစာ အတွက် တစ်လကို ၁၄ ရက် ဆီဆိုင် ၂ ဆိုင်မှာ ဆီထုတ်ရတယ်လေ ……. ဘယ်လို အချိန်မျိုးသွားရသလဲဆိုတော့ မနက်စောစော ၆ နာရီခွဲ လောက်သွားမှ လူနည်းတော့ အေးအေးဆေးဆေးထုတ်လို့ရတယ် ……… တခါတလေ မအားလို့များ နေ့ခင်းဘက သွားလို့ကတော့ ဆိုင်ကယ်တွေ အုံကြွပ်နေတဲ့ ကြားထဲ မနည်းကို တိုးရတယ် ။



တခါတရံ ဆီကားချနေတာနဲ့ ကြုံရင် နေပူကြီး ထဲမှာ အကြာကြီး ဆိုင်ကယ်တန်းစီပြီး စောင့်ရတယ် ။ ၁ နာရီ ခွဲလောက်ကြာအောင်ကို ရပ်နေရတာဘဲ အိမ်ပြန်လို့ကလည်း နောက်တစ်ခေါက်ပြန်ထွက်ဖို့က မအားလို့လေ ။ ဘယ်အချိန် ဆီကားချတတ်လဲ ဆိုတာကလည်း မှန်းလို့ ရတတ်ဘူး ။ ကိုယ်မှန်းပြီး သွားလည်း လွဲချင်လွဲနေတတ်တာ ။ အဲလို အခါနဲ့တိုးလို့ကတော့ အရမ်းစိတ်တိုရတာပါဘဲ …. ငါ့အချိန်တွေကို အလကားလုပ်ပစ်တယ်ဆိုပြီး … ပြီးတော့ ဒီလောက် ဆိုင်ကယ် အများကြီး တိုးနေတဲ့ကြားထဲက ဆီထည့်ပေးတဲ့ လူကလည်း တစ်ယောက်တည်း .. မပြီးနိုင်တော့ဘူး … တိုးလိုက်ကြတဲ့ ဆိုင်ကယ်တွေကလည်း အများကြီး ……ဆိုင်ကယ်ထိန်းရတာလဲ မိန်းကလေးတစ်ယောက် အနေနဲ့ အားကိုကုန်ရော …..


ဆီကားချလို့ စောင့်ရတာ အားမနာတဲ့ အပြင် ဆီထည့်ပေးတဲ့ လူရဲ့ Serviceကကောင်းတော့ ဆီဆိုင်က ပြန်လာပြီးရင် စိတ်တိုရလွန်းလို့ လေ ။ မန္တလေးမှာက ဆိုင်ကယ် အသုံးများတော့ ကျွန်မလိုဘဲ ဆိုင်ကယ်စီးသူမှန်သမျှ ဒီလို ဒုက္ခတော့ ခံရတာပါဘဲ ။ ဒါကြောင့် အခု ဓါတ်ဆီ ထုတ်ရင် လကုန်ခါနီး ရက်မျိုးကိုဘဲ ရွေးပြီး ထုတ်တယ် ။ လူနည်းအောင်လို့လေ ။ ဒီလိုကျတာ့လည်း ဆီကမထုတ်ထားတော့ ဈေးတတ်တာနဲ့ မိပြန်ရော .. သြော် ဖြစ်ရလေပေါ့ …. အခုကျတော့ ဆီထုတ်ဖို့ မနက်အစောကြီး ရပြန်တော့ ….. အရမ်းအိပ်ချင်ပြီး မထချင်ဖြစ်တဲ့ အခါဆို ဓါတ်ဆီဆိုရင် တော်တော်ကို စိတ်နာချင်မိတာ အမှန်ဘဲ …



ရွှေမန်းမယ် (သို့မဟုတ်) Miss ဈေးချိုသူ


ညီအမတွေလိုဘဲ အတူသွား အတူလာ အမြဲရှိတဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ် ။ သူမက ကျွန်မထက်တော့ တစ်နှစ်နီးပါး ငယ်တယ် ၊ မဂျူးနဲ့ ကျောင်းအတူတတ်ကြတဲ့ သူငယ်ချင်းမို့ ကျွန်မတို့ ညီအမတွေ အားလုံးနဲ့ သွားအတူ စားအတူ ရှိကြတယ်လေ ။ သူမနာမည်အရင်းက နန်းသဉ္ဇာသိမ့် ..... ကျွန်မတို့ကတော့ အိမ်မှာ ခေါ်တဲ့အတိုင်း “မယ်သီ” လို့ဘဲ ခေါ်ပါတယ် ..... မယ်သီက အလှအပ ၀ါသနာပါတယ် ။ ဒီဝါသနာကြောင့် မန္တလေးက “အလှမယ်” ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတိုင်း မှာလည်း ဆုတွေ ရခဲ့တာပေါ့ ။ ကျွန်မက ဒီလိုတော်တဲ့ သူငယ်ချင်းလေးအတွက် ကျွန်မ ဘေ
လာ့ထဲမှာ ဂုဏ်ယူဝမ်းမြောက်တဲ့ အနေနဲ့ အမှတ်တရ ပို့စ်လေးတင်ချင်ပါတယ် ။











၂၀၀၇ ခုနှစ် ရွှေမန်းသူလှယဉ်ကျေးမယ်(Miss Follow Me) “ဒုတိယ” ဆု

၂၀၀၇ ခုနှစ် ဈေးချိုသူ လှယဉ်ကျေးမယ် “ပထမ” ဆု














၂၀၀၆ ခုနှစ် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှု လှယဉ်ကျေးမယ် “စတုတ္ထ” ဆု
















၂၀၀၇ ခုနှစ် ရွှေမန်းမယ် “ပထမ” ဆု















၂၀၀၆ ခုနှစ် မန္တလေးတိုင်း ကာယအလှမယ် “ဒုတိယ” ဆု














Wednesday, September 5, 2007

မန္တလေးရဲ့ Blog Day အမှတ်တရ

မန္တလေးက Blog Seminar ပြီးကတည်းက ပို့်စ်လည်း မတင်ဖြစ်တော့ဘူး ။ မန္တလေးရဲ့ ပထမဦးဆုံး World Blog's Day အတွက် လုပ်တဲ့ ပွဲက မန္တလေး Bloggers တွေရဲ့ အားလုံး တက်ကြွစွာ ပါဝင်ဦးဆောင်မှုကြောင့် အောင်မြင်ခဲ့တယ် ။ အားလုံးနဲ့လည်း ရင်းနှီးခဲ့ကြတာပေါ့် ။ တတ်ရောက်တဲ့ လူတိုင်းအတွက် အကျိုးရှိတဲ့အပြင် လက်ဆောင်ပစ္စည်းတွေလည်း တော်တော်များများ ပေးနိုင်ခဲ့ကြတယ် ။(http://mdyblogshow.blogspot.com)


ကျွန်မကို မနီလာနဲ့ တွဲပြီး အစီအစဉ်ကြေငြာသူလုပ်ဖို့ ပြောခဲ့ပေမယ့် … နီလာကိုလည်း ဘာပြောလိုက်ရသလဲဆိုတော့ နင့်သူငယ်ချင်း အကြောင်း သိဘူးလားလို့ ၊ ငြိမ်ငြိမ်လေးထိုင်ရတဲ့ အလုပ်နဲ့ က အဆင်မပြေဘူးလေ ၊ ကျွန်မက တောက်တောက် တောက်တောက်နဲ့ လျှောက်သွားတတ်တာကိုး ။ ဒါကလဲ နီလာကြောင့်ဘဲ ….. သူခေါ်တိုင်း အဖော်လိုက်ပေးလို့ အကျင့်ပါသွားတာ ။ အဲဒီနေ့က ကျွန်မကတော့ ဧည့်ခံရေးလုပ်နေတာနဲ့ အချိန်ကုန်သွားတယ် ။ ပြီးတော့ Quiz မေးခွန်းလွှာတွေအတွက် ကန်စွန်းဥလေးနဲ့ အဖြေစစ်ခဲ့တယ် ။

အဲဒီ အချိန်မှာ ငယ်သူငယ်ချင်း ဇော်မိုးအောင်ရဲ့ Blogger တွေကို မဲနှိုက်ပြီး Interview တဲ့ အစီစဉ်လုပ်နေတဲ့ အချိန် …. မမြလွှာရဲ့ မဲနှိုက်ကောင်းမှုကြောင့် ..ရွှေပုံ့ဆိုပြီး အအော်ခံ ရတော့တာပေါ့ ။ ဒေါက်ဖိနပ်စီးပြီး ပဲများနေရလို့ ခြေထောက်က နာချင်နေတယ် …… ခြေထော့ထော့နဲ့ စင်ပေါ် အသွား ရှေ့နားမှာထိုင်နေတဲ့ ဆရာကျော်က လှမ်းပြော လိုက်သေးတယ် ။ ရွှေပုံရေ လမ်းကောင်းကောင်းလျှောက်နော်တဲ့ ….. တစ်ရုံးထဲလည်းဖြစ် ၊ အကိုလိုလဲဖြစ်နေတော့ …. မှောက်လျက်လဲမှာ စိုးရိမ်ရှာတယ်လေ ။ အကြောင်းသိနေတာကိုး ။ ပွဲပြီးတော့ အုပ်စုလိုက် ဓါတ်ပုံရိုက်ခဲ့ကြသေးတယ် ။ နောက်ဆုံး အစီအစဉ် အရ Skywalk က Food Count မှာ အားလုံး တစ်ပျော်တပါး မုန့်စားခဲ့ပြီး ကျွန်မလည်း စာသင်ပေးစရာ သင်တန်းအချိန်က ရှိသေးတာမို့ အားလုံးနဲ့ လမ်းခွဲပြီး MICT ပေါ်ပြန်တတ်ခဲ့ပါတယ် ။


<$BlogPageTitle$> <$BlogMetaData$>