
Nice Cyber Cafe'
၇၃လမ်း ၊၂၇x၂၈ လမ်းကြားမှာရှိတယ် ။

ဒါကတော့ အ၀င်ဝတံခါးပေါက်နား .... ကြိမ်ကာ တွေ ကတော့ chat ချင်၊ talk ချင်တဲ့ လူတွေ အတွက် pravicy အပြည့် ရှိအောင်တဲ့ ။(စိတ်ကူး ကောင်းတာလား ၊ ကိုယ်ချင်းစာ တတ်တာလို့ မေးကြည့်ရဦးမယ် ) :P

ဒါက customer တွေအတွက် နေရာ အခင်းအကျင်း ။ (ကျယ်ဝန်းပြီး တိတ်ဆိတ် အေးချမ်းမှု အပြည့် ပေးနိုင် ပါတယ်)

အင်တာနက် အသုံးပြုခက တစ်နာရီ ၄၀၀ ကျပ် ၊ member card သုံးချင်ရင်တော့ ၁၁ နာရီ ၃၀၀၀ ကျပ် ဆိုတော့ user အတွက် အတော် ဈေးသက်သာတဲ့ နေရာပါ ။
သြော်.. အခုလည်း သူငယ်ချင်း ၂ ယောက်က တို့တွေ computer နဲ့ ကျောင်းတက်ခဲ့ကြတာ အခု စီးပွားရေးလုပ်ကြမယ်ဆိုတော့ ဒီဟာနဲ့ ဆက်နွယ်တာကိုဘဲ အောင်မြင်အောင် လုပ်ကြမယ်ဆိုပြီး ဒီ၂ကောင်၁လလောက် အလုပ်တွေရှုပ်လိုက်တာ အခု Nice ဆိုပြီး computer အလုံး၂၀ အတွက် Bagan ADSL ရယ် Myanmar Teleport ADSL လိုင်းနှစ်လိုင်းနဲ့ အင်တာနက် Café ဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီတဲ့ ။ အဲဒီ အပေါ်ထပ်မှာတော့ Computer Training အတွက် computer ၁၀ လုံးနဲ့ သင်တန်းတွေ စတော့မယ်လေ ။
" ဂူဂူးရေ ငါတို့ လုပ်ထားတာတွေ လာကြည့်ပါဦးတဲ့ " ကျွန်မက အမြဲ အလုပ်ရှုပ်တယ်ဆိုတော့ (တကယ်တော့ အလုပ်ဆိုတာထက် အရှုပ်တွေ လုပ်လို့ မအားဘူးဆိုတဲ့ စကားလုံးကို အပိုင်ဝယ်ထားလိုက်တာ) …. အေး .. လာခဲ့မယ်..စိတ်ချ " ဒီလိုနဲ့ Nice ကိုရောက်ခဲ့တယ်လေ ။ မနက်ဖြန် ဆိုင်ဖွင့်ပွဲ အတွက် သူငယ်ချင်း၂ ကောင် ကတော့ အလုပ်များနေကြတယ် ။ ကျွန်မကတော့ သူငယ်ချင်းတွေရဲ့ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ နေရာလေးအတွက် အများကြီး အောင်မြင်ပါစေလို့ ဆန္ဒပြုရင်း ကျွန်မ Blog မှာ မှတ်တမ်းတင်ခဲ့ပါတယ် ။


2 comments:
Really 'nice' !
တစ်နာရီ ၄၀၀ ဆိုမိုက်တယ်ဗျ။ အရင်ကျွန်တော် မန်းလေးမှာ သုံးတုန်းက တစ်နာရီ ၇၀၀ တောင်ပေးခဲ့ရတာ။ ပရိုက်ဗေစီ နဲ့ဆိုတော့ အဆင်ပြေတာပေါ့။
Post a Comment