Tuesday, August 21, 2007

သူငယ်ချင်းများနှင့် (၂)

ကျွန်မတို့ တအုံကွန်ပျူတာ တက္ကသိုလ်က ကျွန်မတို့ တတိယနှစ်မှာ ဆောက်လုပ်နေဆဲ … အခုဆရာ/ဆရာမတွေ နေတဲ့ အဆောင်မှာ ကျွန်မတို့ စာသင်ရတယ် ။ အဲဒီိတုန်းက နယ်ကလာတဲ့ ဆရာ ၊ဆရာမ ဆိုတာ မရှိသေးဘူး ။ မန္တလေးက လာတဲ့သူချည်းဘဲလေ ။ အတန်းဆိုလို့လည်း ကျွန်မအတန်းက အကြီးဆုံးပေါ့ ။ အော် ကျွန်မတို့်ထက် senior တွေကတော့ ဒဟတ်တော ကွန်ပျုတာတက္ကသိုလ်မှာ တက်ရတယ် ။ ၂၀၀၁ က စပြီး တအုံမှာဘဲ တက်ရတော့တာပါ ။ ကျောင်းသွားပြီဆိုရင် သူငယ်ချင်းအိမ်က ဒရိုင်ဘာ နဲ့ ကားပေးထားတယ် ။ သူငယ်ချင်း ၇ ယောက်ရှိတယ်ဆိုတော့ အားလုံးစုပြီးသွားသလို ထမင်းစားရင်လည်း အတူတူပဲပေါ့ ။

စာမေးပွဲနီးရင်လည်း ဟိုတယ်ဖွင့်ထားတဲ့ သူငယ်ချင်းက သူတို့ Inn မှာ အခန်းတစ်ခန်းယူပြီးအကုန် အတူတူအိပ်ကြတယ် ။ ကျွန်မကတော့ ငယ်ငယ်ကတည်းက တစ်ယောက်ထဲနေနေ ကျဆိုတော့ လူများရင် စာကျက်တတ်ဘူးဆိုပြီး ညမအိပ်ဘူးလေ ။ ဒီလိုနေခဲ့ကြတာက အခု မာစတာ တက်တဲ့ထိပါဘဲ ။ ကျွန်မ သူငယ်ချင်းတွေက အလှအပလည်း အတော်ဝါသနာ ပါကြတယ် ။ အမြဲ ကျော့နေအောင်နေကြတာလေ ။ ဒီမှာတော့ ကျွန်မက သူတို့နဲ့ ဆန်ကျင်ဘက်ပေါ့ ။ တစ်နေရာရာသွားဖို့ဆိုလဲ မပြီးနိုင်ကြတော့ဘူး ။ ကျောင်းမှာ ဆီးသီးပေါ်ချိန်ဆိုရင် အတန်းလစ်ပြီး ဆီးခြံလည်း သွားခဲ့ကြတယ် ။ အဲလိုအချိန်ဆို အသားတွေတော့ မဲကုန်ပါပြီ ဆိုတဲ့ အသံတွေလည်း ကြားရတယ် ။

ကျောင်းဆင်းလို့ မန္တလေးပြန်ရင် ကားနောက်မှာ ပါလာကြပြီ ။ ကားပိုင်ရှင် သူငယ်ချင်းအိမ်က အရမ်းကျပ်တော့ ကားဆရာက အိမ်ပြန်တိုင်မှာ စိုးတာနဲ့ တိုးတိုး တိုးတိုးနဲ့ ပြောတဲ့လူက ပြောတယ် ။စိတ်မ၀င်စားတဲ့ သူကတော့ သီချင်းသံနဲ့ အိပ်တဲ့လူက အိပ်ပေါ့ ။ သူငယ်ချင်းတွေ အများစုက အိမ်တွေနီးကြတယ် ။ လမ်းမှာ သရက်သီးပေါ်ချိန်တို့ဆိုရင် ပလိပ်မှာ ကားရပ်ပြီး ဈေးဝယ်ကြသေးတယ် ။ အိမ်မှာ မျက်နှာရအောင်လို့လေ ။ ဈေးကလည်း မန္တလေးနဲ့ ကွာတာကိုး ။ အိမ်ပြန်လာရင် အသီးအရွက်ပေါင်းစုံနဲ့ ဈေးသည်ကြီး ကျလို့ပေါ့ ။ ရှိုးထုတ်တဲ့ သူငယ်ချင်းတွေ ညနေပိုင်းကျတော့ ပေတူးလန်နေအောင်လဲ ဆော့တတ်တယ် ။ MMK ကအမြဲပြောတယ် ။ ဒီလိုဟာမျိုးလေးတွေ တခါမှ မမြင်ဘူးပါဘူးတဲ့ ။ တစ်ယောက်နဲ့ တစ်ယောက်က တစ်ချိန်လုံးလဲ စတတ်ကြသေးတယ် ။



1 comment:

ကလေးသား said...

ဒီလို post မျိုးလေးတွေကို နှစ်ခြိုက်မိတယ်။ သူငယ်ချင်း တွေ အားလုံးကို သတိရလိုက် တယ်။ စိတ်ကူးထဲမှာ ညီမ တို.နဲ. အတူ ဆီးသီး ကောက်တဲ့ ထဲ မှာ ကျွန်တော် ပါနေတယ်။ ကျွန်တော် က သူများ သူငယ်ချင်း တွေပျော် တာတွေ. ရင် လည်း အရမ်း ပီတိဖြစ်မိ တယ်။ သူငယ်ချင်းများ နဲ. ပျော်ရွှင် နိုင်ပါစေ...

<$BlogPageTitle$> <$BlogMetaData$>