Monday, August 20, 2007

သူငယ်ချင်းများနှင့် (အပိုင်း ၁)

ကျွန်မတက္ကသိုလ် စတက်တဲ့ ပထမနှစ်ကတည်း သူငယ်ချင်းတွေနဲ့ ဘယ်သွားသွား ဘာစားစား အုပ်စုလိုက်ကြီးနဲ့ နေခဲ့ကြတယ်။ ကျောင်းနားရက်မှာ ဆိုလည်း ကျွန်မတို့မှာ နားရက်မရှိကြအောင်ကို ကိစ္စလည်းအလွန်များပြီး သွားစရာလည်းအလွန်ပေါခဲ့ကြတာပေါ့ ။ ကျွန်မ ညီမလေးကဆို အမြဲပြောတယ်။ မမကြီးက မိုးကုတ်မှာ နေလို့သာ တော်တော့တယ် ။ ဒီမှာသာ ငယ်ငယ်လေးက နေရင်တော့ ဘယ်လိုရှိမယ် မသိဘူးနော်တဲ့ ။(ကျွန်မက ၁၀ တန်းအောင်လို့ တက္ကသိုလ် တက်ရမှသာ မန္တလေးအိမ်မှာ နေတာကိုး) တတိယနှစ်ထိတော့ သူငယ်ချင်းတွေစုံသေးတယ်

အဲဒီနောက်မှာသာ BE,B.Com ဆက်တက်ကြတာနဲ့ computer ကိုဘဲရွေးတဲ့သူတွေ လောက်သာကျန်ခဲ့တာပေါ့ ။ ကျွန်မတို့ နှစ်တွေတုန်းက တက္ကသိုလ် ၂ ခု ပြိုင်တက်ကြတာလေ ။ကျွန်မလည်း IR ကို ဒုတိယနှစ် final exam မှာ computer exam နဲ့တိုက်လို့ဆိုပြီး ထွက်ခဲ့ရတာ ။
အဲဒီတုန်းက လောဘကြီးပြီး ကျောင်း၂ခုတက်တာ တော်တော်ကို စိတ်ရော လူရောပင်ပန်းခဲ့တာပေါ့ ။ အဲဒီတုန်းက IR ကို Roll 1 ဆိုပြီး သူများကို နေရာပေးလိုက်ရမှာ တော်တော်စိုးရိမ်တဲ့ စိတ်ရောဂါကလည်း ထခဲ့သေးတယ် ။အတော်ရီစရာ ကောင်းတယ် ခုချိန်ပြန်တွေးမိရင် ။

ကျွန်မတို့ ကွန်ပျူတာ တတိယနှစ်ကျောင်းသူ ဘ၀ကတော့ ပျော်ဖို့ အကောင်းဆုံးပေါ့ ။ တနေရာရာ သွားချင်ရင်လည်း အိမ်က မလွတ်တဲ့ သူငယ်ချင်းတွေရှိတယ် ။ ကျွန်မက တခုခုဆို အရမ်းကြောက်တတ်ပြီး စိုးရိမ်နေတတ်တယ် ။ ဒီတော့ ကျွန်မ အမြဲလိုလို သူငယ်ချင်းတွေ ကျူရှင်ကနေ ခိုးထွက်ပြီး လည်ကြရင် ကျွန်မက အစောင့်လုပ်ရတာပေါ့ ။ ...သူတို့်တွေက လည်း ရအောင်သွားကြတာလေ ။ ကျောင်း bus ရွှေမန်းမေကြီးကို ပိုက်ဆံပိုပေးပြီး မေမြို့ထိက်ု လည်ကြတာတော့ တကယ်အမှတ်ရမိတယ် ။




1 comment:

Myo Kyaw Htun said...

တအုံ ကျောင်းသားဘဝထဲမှာ ရွှေမန်းမေကော အပါအဝင်ပဲ

<$BlogPageTitle$> <$BlogMetaData$>