Sunday, August 12, 2007

မိုးတိမ်ပေါ်မှာ စာရေးနေတယ် .....

တခါတရံ တိမ်တွေကို သဘောကျမိတယ် .... စိတ်တွေ မွန်းကျပ်လာရင်လဲ သီချင်းထဲကလိုပေါ့ .... တိမ်တွေလို လွင့်မျောသွားချင်တယ် လို့ပြောရမလားနော် .... ငိုချင်လာရင်လည်း ကောင်းကင်ပြာပြာကြီးကို မော့ကြည့်လိုက်တော့ မျက်ရည်တွေ အများကြီး မကျရတော့ဘူး။ မောင်လေး ဟိန်းလတ် ပို့စ်ရေးထား သလိုဘဲ ဘ၀မှာ ဖြစ်ချင်တာ ၊ ဖြစ်သင့်တာတွေဆိုတာ ရှိပေမဲ့ ဖြစ်ချင်တာကိုဘဲ ဦးစားပေးချင်မိတာ လူ့သဘာဝလားလို့လေ ။ တခါတရံ စဉ်းစားရသိပ်ခက်တယ် ။ လူ့ဘ၀ကြီးရဲ့ ပုစ္ဆာတွေအတွက် ..... ဘာတွေကို ဖြစ်ချင်နေလဲ ..... ဘာတွေက လုပ်သင့်နေတာလဲ စဉ်းစားရလွန်းလို့ ခေါင်းတွေလည်း မူးလာပြီ ။ လူဘ၀ကြီးထဲမှာ တခါတလေလည်း ဖြစ်ချင်တာကိုလည်း ရွေးချင်မိတယ် .... ကျွန်မ အခုဘလော့မှာ စာရိုက်နေတယ် ... အရမ်း လွတ်လပ် ပေါ့ပါးနေတဲ့ တိမ်တွေပေါ် ရောက်နေတာ ...... ဟုတ်တယ်ဟုတ် .... ကျွန်မ ဘလော့ template က တိမ်တွေနဲ့ဆိုတော့ ..........တစ်ယောက်ယောက်ကများ ဂူဂူးဘာလုပ်နေလဲလို့မေးရင် ကျွန်မက တိမ်တွေပေါ် မှာ စာရေးနေတယ်လို့ ပြောလိုက်မယ်နော် .....



No comments:

<$BlogPageTitle$> <$BlogMetaData$>