Saturday, August 11, 2007

စိတ်နဲ့ လူနဲ့ မကပ်ပုံကတော့ ......


ဒီနေ့ ရုံးကိုလာတာ အိမ်ကထွက်လာ ကတည်းက စိတ်က မကြည်ချင်ဘူး ။ မေမေ က သမီး ဆိုင်ကယ် ဆီထုတ်ရဦးမှာလားလို့ မေးတယ် ။ ၂ ဂါလံဘဲ ထုတ်ရသေးတယ်မလားတဲ့ ။ အဲဒါ ကိုလည်း ဟာ မေမေ ကလဲ .. သိပါတယ် ..... ဆိုပြီး ပြန်ပြောမိသေးတယ် ။ မေမေ က သတိပေးတာပါတဲ့ ။ သင်တန်းချိန်က နေ့လည်ပိုင်းမှ စမှာဆိုပြီး .. အိမ်မှာဘဲ နေလိုက်ရမလား ။ ဒါပေမဲ့ လုပ်စရာတွေလည်း နည်းနည်းရှိသေးတယ် ။ နေလည်း သိပ်မကောင်းချင်ဘူး ။ ခေါင်းမူးချင်တာ လိုလို ဗိုက်အောင့်နေသလိုလို .. စိတ်က ရွှင်ဘူး ။ တွေးစရာ တွေကလည်း ခေါင်းထဲ တန်းကိုစီလို့ ... ဒီလိုနဲ့ အထုပ်တွေရော ချိုင့်တွေရော ဆွဲပြီး ထွက်လာခဲ့တာ .. သြော် အထုပ်ဆိုတာက thesis စာအုပ်တွေရော ဖိုင်တွေရော .. ပိုက်ဆံက လွဲလို့ အစုံပါတဲ့ လက်ကိုင်အိတ်ရောလေ .... ဆိုင်ကယ် ခြင်းထဲ မဆံ့တာတွေကို ဆိုင်ကယ် လက်ကိုင်မှာ ချိတ်ပြီး မောင်းလာခဲ့တာ .... ၇၈ လမ်းပေါ်ရောက်တော့ လေက အရမ်းကြီးတိုက်လာလို့ လက်တစ်ဖက်က ဆိုင်ကယ် ဦးထုပ်ကို ထိန်းလိုက်တာ .... လက်ကိုင်မှာ ချိတ်ထားတဲ့ အိတ်ကြီး လွင့်ထွက်သွားတယ် ။ ဒါလည်း သိဘူးတော့ ..... ဆက်မောင်းလာခဲ့တာ .... ကားတစ်စီး က နောက်က ဟွန်းအရမ်းတီးနေတာ. သူမှာလည်း အရေးကြီးလို့နေမှာ ဆိုပြီး ရှောင်ပေး လိုက်သေးတယ် ။ ..... ဟိုက ဘာပြောကောင်းမလဲ ... ဒီကောင်မလေး ဘယ်လိုဖြစ်နေလဲ .. အိတ်ကျခဲ့ပြီတဲ့ .. ဒေါသတွေထွက်ပြီး အော်သွားတယ် ။ အဲဒီတော့မှ အော် ဖြစ်ရလေ ..ငါနှယ်နော် .. ဆိုပြီး... အော် သတိသတိ ဘယ်ရောက်နေလဲလို့ ပြန်ခေါ်လိုက်ရတယ် ... ။ ကျွန်မက အဲလိုကို .... တွေးတာများရင် ဘာမှ မသိအောင်ကို ပေါ့တီး ပေါ့ဆနိုင်တတ်တာလေ ……......





1 comment:

hninhnin said...

မမပုံ့ပုံ့ရေ... ပို့စ်က စာတွေက font တစ်မျိုးပဲနော်။ ဇော်ဂျီဖောင့် မဟုတ်ဘူးလားဟင်။

<$BlogPageTitle$> <$BlogMetaData$>