ကျွန်မတို့တွေဟာ ဘယ်နေရာ ဘဲရောက်ရောက် ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် ကျွန်မတို့ ချစ်ခင်တဲ့ သူတွေနဲ့သာ ပေါင်းသင်း ဆက်ဆံလိုကြတယ် ။ ဒါပေမဲ့ အမြဲတမ်းတော့ ကျွန်မတို့ ဆန္ဒတွေက မပြည့်နိုင်ကြပါဘူး ။ ကံဇာတ်ဆရာ အလိုကျ ချစ်ခင်သူများ သာမက မချစ်ခင် မနှစ်သက်သူများနှင့်ပါ ရောနှော ပေါင်းသင်းရတတ်ပါတယ်..............အဲလိုအခါမှာ................ ကျွန်မတို့အနေနဲ စိတ်ဆင်းရဲကြတယ် ။ လက်ရှိ အခြေအနေကလည်း ထွက်ပြေးချင်ကြပါတယ် ။ဒီဒုက္ခကြီး ကိုလည်း စိတ်ထဲမှာ မခံနိုင် ဖြစ်တာပေါ့နော် ။ တကယ်တမ်းတော့ ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ်ချစ်ခင် နှစ်သက်သူတွေ ရှိသေးတယ်ဆိုတာ မေ့နေတတ်တာလေ ။ကိုယ်မချစ်ခင်တဲ့ သူကို ရှောင်ပြေးတဲ့ အခါ ချစ်ခင်ရတဲ့ သူတွေနဲ့ လည်း ဝေးရတတ်တာ မျိုးလည်း ရှိရပါတယ် ။
ဘ၀မှာ ကြုံလာတဲ့ အခြေ အနေတွေထဲက မလိုအပ်ဘဲ ထွက်မပြေးတတ်အောင် နေနိုင်ရမလို အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ထားကို ဘဲ ပြောင်းနိုင်အောင် ကြိုးစားဖို့ပါဘဲ ။ ဘ၀ဆိုတာ တစ်ခါတစ်ရံတော့ ဒူးရင်းသီးစားသလို ကြုံရတတ်တယ်တဲ့ ။ ဒူးရင်သီး စားချင်ပြီး ဆူးကြောက်လို့ မခွဲရဲရင်တော့ ချိုမြိန်ခြင်း နဲ့ လွဲရမှာလေ ။ ချစ်ခင်နှစ်သက် သူများနှင့် ပေါင်းသင်းဆက်ဆံ ရခြင်းဟာ မင်္ဂလာ လို့ဆိုရင် မင်္ဂလာကို ကြိုဆိုနိင်သလိုဘဲ ကံကြမ္မာကို လည်း နားလည်လက်ခံကြရအောင် …..



1 comments:
အနံ့တောင် မခံနိုင်တဲ့ ဒူးရင်းသီးကို အခု အလုံးလိုက် မျိုချရသလို ခံစားနေရတယ်။ အားလုံးကို နားလည်လက်ခံချင်တယ်။ ဒါပေမဲ့ အခု အရမ်းစိတ်ညစ်နေတယ်။
Post a Comment