သင် အမှန် တကယ် မချစ်သေးခင် အထိတော့ ပျော်ရွှင်မှုရဲ့ အရသာကို ဘယ်လိုမှ မသိနိုင်သလို …. အချစ်ကို မဆုံးရှုံးရ သေးခင်အထိလည်း နာကျင်မှုဆိုတဲ့ အရာကိုလည်း နားလည်မှာ မဟုတ်ပါဘူး ။
သင်ဟာ ချစ်ခြင်း မပါဘဲ ပေးနိုင်ပေမဲ့ ပေးဆပ်မှု မပါဘဲနဲ့တော့ မချစ်နိုင်ပါဘူး ။
ကမ္ဘာကြီး အတွက်တော့ သင်ဟာလူတစ်ယောက်ပါ ။ဒါပေမဲ့ လူတစ်ယောက် အတွက်တော့ သင်ဟာ ကမ္ဘာကြီး တစ်ခု ဖြစ်နေတတ်ပါတယ် ။
အချစ် နဲ့ စစ်ဟာ တူတူဘဲ .. စ ဖို့လွယ်ပေမဲ့ အဆုံးသတ်ဖို့က ခက်ပါတယ် ။
သက်တံကို မြင်နိုင်ဖို့ မိုးရွာတာကို အရင်ဖြတ်ရဦးမယ်လေ ။
စောင့်နေတဲ့ အချစ်ကတန်ဖိုး မရှိဘူး .. ရှိနေတဲ့ အချစ်ကိုသာ တန်ဖိုးထားပါ ။
ကိုယ်အတွက် အေးနေတဲ့ လက်တစ်စုံကို မလွတ်ဘဲ ဆုပ်ကိုင်ထားတယ် ။ ကိုယ်လက်ရဲ့ နွေးထွေးမှုကြောင့် သူ့လက်လေးလဲ နွေးလာမလား လို့ပါ ။
သင့်အတွက် အကောင်းဆုံးဆိုတာ ရဖို့ကို အချစ်က ဘယ်တော့မှ ခွင့်မပေးပါဘူး ။ ဒါပေမဲ့ အကောင်းဆုံး အချစ်ကိုရဖို့တော့ သင်အမြဲ ကြိုးစားသင့်ပါတယ် ။
သင်ကြုံရတဲ့ အချစ်က မပိုင်ရတဲ့ အချစ် (သို့မဟုတ်) အသဲကွဲတဲ့ အချစ်မျိုး ဖြစ်ရရင်တောင် လူတစ်ယောက်ကို အမှန်တကယ် ဘယ်လို ချစ်ရမယ်ဆိုတာ သိခြင်းက ဘ၀မှာ ပြည့်ပြည့်၀၀ နေထိုင်နိုင်ခြင်းနဲ့ တူပါတယ် ။


0 comments:
Post a Comment