Wednesday, August 29, 2007

အပြာရောင်တဲ့





BLUE

You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.

Find out your color at QuizMeme.com!


ကိုစိုးထက် Blog မှာ ဖတ်မိလိုက်လို့ပါ ။
Website မှာ မေးခွန်းလေးတွေ ဖြေပြီး ကိုယ်ရဲ့ အရောင်က ဘာလဲဆိုတာ အဖြေထုတ်ကြည့်လိုက်တယ် ။ .. အပြာရောင်တဲ့ .... သူငယ်ချင်းတွေလည်း ကိုယ်ရဲ့ အရောင်ကိုသိချင်ရင် ဒီမှာ အဖြေရှာကြည့်လို့ရတယ် ။


Thursday, August 23, 2007

မန္တလေးက Nice Cyber Café



Nice Cyber Cafe'


၇၃လမ်း ၊၂၇x၂၈ လမ်းကြားမှာရှိတယ် ။









ဒါကတော့ အ၀င်ဝတံခါးပေါက်နား .... ကြိမ်ကာ တွေ ကတော့ chat ချင်၊ talk ချင်တဲ့ လူတွေ အတွက် pravicy အပြည့် ရှိအောင်တဲ့ ။(စိတ်ကူး ကောင်းတာလား ၊ ကိုယ်ချင်းစာ တတ်တာလို့ မေးကြည့်ရဦးမယ် ) :P








ဒါက customer တွေအတွက် နေရာ အခင်းအကျင်း ။ (ကျယ်ဝန်းပြီး တိတ်ဆိတ် အေးချမ်းမှု အပြည့် ပေးနိုင် ပါတယ်)







အင်တာနက် အသုံးပြုခက တစ်နာရီ ၄၀၀ ကျပ် ၊ member card သုံးချင်ရင်တော့ ၁၁ နာရီ ၃၀၀၀ ကျပ် ဆိုတော့ user အတွက် အတော် ဈေးသက်သာတဲ့ နေရာပါ ။







အခုဆိုရင် ကျွန်မက Thesis ကျောင်းသူလုပ်နေရတော့ ကျောင်းတော့ တက်စရာ မလိုတော့ဘူးပေါ့ …. Thesis ကိစ္စရယ် ရုံးအလုပ်နဲ့ အလုပ်တွေရှုပ် အရှုပ်တွေလုပ်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ မတွေ့တာ အတော်ကြာနေပြီ ။တခါတလေကျတော့ ကျောင်းတက်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ် ။ ပြန်မရနိုင်တော့တဲ့ အချိန်တွေ အတွက် ကျောင်းသူဘ၀မှာ ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြတယ် ဆိုတာကို သူငယ်ချင်းတွေကို သတိရစိတ်နဲ့ အခုတလော ပို့စ်တွေရေးဖြစ်နေတယ် ။

သြော်.. အခုလည်း သူငယ်ချင်း ၂ ယောက်က တို့တွေ computer နဲ့ ကျောင်းတက်ခဲ့ကြတာ အခု စီးပွားရေးလုပ်ကြမယ်ဆိုတော့ ဒီဟာနဲ့ ဆက်နွယ်တာကိုဘဲ အောင်မြင်အောင် လုပ်ကြမယ်ဆိုပြီး ဒီ၂ကောင်၁လလောက် အလုပ်တွေရှုပ်လိုက်တာ အခု Nice ဆိုပြီး computer အလုံး၂၀ အတွက် Bagan ADSL ရယ် Myanmar Teleport ADSL လိုင်းနှစ်လိုင်းနဲ့ အင်တာနက် Café ဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီတဲ့ ။ အဲဒီ အပေါ်ထပ်မှာတော့ Computer Training အတွက် computer ၁၀ လုံးနဲ့ သင်တန်းတွေ စတော့မယ်လေ ။


" ဂူဂူးရေ ငါတို့ လုပ်ထားတာတွေ လာကြည့်ပါဦးတဲ့ " ကျွန်မက အမြဲ အလုပ်ရှုပ်တယ်ဆိုတော့ (တကယ်တော့ အလုပ်ဆိုတာထက် အရှုပ်တွေ လုပ်လို့ မအားဘူးဆိုတဲ့ စကားလုံးကို အပိုင်ဝယ်ထားလိုက်တာ) …. အေး .. လာခဲ့မယ်..စိတ်ချ " ဒီလိုနဲ့ Nice ကိုရောက်ခဲ့တယ်လေ ။ မနက်ဖြန် ဆိုင်ဖွင့်ပွဲ အတွက် သူငယ်ချင်း၂ ကောင် ကတော့ အလုပ်များနေကြတယ် ။ ကျွန်မကတော့ သူငယ်ချင်းတွေရဲ့ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ နေရာလေးအတွက် အများကြီး အောင်မြင်ပါစေလို့ ဆန္ဒပြုရင်း ကျွန်မ Blog မှာ မှတ်တမ်းတင်ခဲ့ပါတယ် ။


Tuesday, August 21, 2007

သူငယ်ချင်းများနှင့် (၂)

ကျွန်မတို့ တအုံကွန်ပျူတာ တက္ကသိုလ်က ကျွန်မတို့ တတိယနှစ်မှာ ဆောက်လုပ်နေဆဲ … အခုဆရာ/ဆရာမတွေ နေတဲ့ အဆောင်မှာ ကျွန်မတို့ စာသင်ရတယ် ။ အဲဒီိတုန်းက နယ်ကလာတဲ့ ဆရာ ၊ဆရာမ ဆိုတာ မရှိသေးဘူး ။ မန္တလေးက လာတဲ့သူချည်းဘဲလေ ။ အတန်းဆိုလို့လည်း ကျွန်မအတန်းက အကြီးဆုံးပေါ့ ။ အော် ကျွန်မတို့်ထက် senior တွေကတော့ ဒဟတ်တော ကွန်ပျုတာတက္ကသိုလ်မှာ တက်ရတယ် ။ ၂၀၀၁ က စပြီး တအုံမှာဘဲ တက်ရတော့တာပါ ။ ကျောင်းသွားပြီဆိုရင် သူငယ်ချင်းအိမ်က ဒရိုင်ဘာ နဲ့ ကားပေးထားတယ် ။ သူငယ်ချင်း ၇ ယောက်ရှိတယ်ဆိုတော့ အားလုံးစုပြီးသွားသလို ထမင်းစားရင်လည်း အတူတူပဲပေါ့ ။

စာမေးပွဲနီးရင်လည်း ဟိုတယ်ဖွင့်ထားတဲ့ သူငယ်ချင်းက သူတို့ Inn မှာ အခန်းတစ်ခန်းယူပြီးအကုန် အတူတူအိပ်ကြတယ် ။ ကျွန်မကတော့ ငယ်ငယ်ကတည်းက တစ်ယောက်ထဲနေနေ ကျဆိုတော့ လူများရင် စာကျက်တတ်ဘူးဆိုပြီး ညမအိပ်ဘူးလေ ။ ဒီလိုနေခဲ့ကြတာက အခု မာစတာ တက်တဲ့ထိပါဘဲ ။ ကျွန်မ သူငယ်ချင်းတွေက အလှအပလည်း အတော်ဝါသနာ ပါကြတယ် ။ အမြဲ ကျော့နေအောင်နေကြတာလေ ။ ဒီမှာတော့ ကျွန်မက သူတို့နဲ့ ဆန်ကျင်ဘက်ပေါ့ ။ တစ်နေရာရာသွားဖို့ဆိုလဲ မပြီးနိုင်ကြတော့ဘူး ။ ကျောင်းမှာ ဆီးသီးပေါ်ချိန်ဆိုရင် အတန်းလစ်ပြီး ဆီးခြံလည်း သွားခဲ့ကြတယ် ။ အဲလိုအချိန်ဆို အသားတွေတော့ မဲကုန်ပါပြီ ဆိုတဲ့ အသံတွေလည်း ကြားရတယ် ။

ကျောင်းဆင်းလို့ မန္တလေးပြန်ရင် ကားနောက်မှာ ပါလာကြပြီ ။ ကားပိုင်ရှင် သူငယ်ချင်းအိမ်က အရမ်းကျပ်တော့ ကားဆရာက အိမ်ပြန်တိုင်မှာ စိုးတာနဲ့ တိုးတိုး တိုးတိုးနဲ့ ပြောတဲ့လူက ပြောတယ် ။စိတ်မ၀င်စားတဲ့ သူကတော့ သီချင်းသံနဲ့ အိပ်တဲ့လူက အိပ်ပေါ့ ။ သူငယ်ချင်းတွေ အများစုက အိမ်တွေနီးကြတယ် ။ လမ်းမှာ သရက်သီးပေါ်ချိန်တို့ဆိုရင် ပလိပ်မှာ ကားရပ်ပြီး ဈေးဝယ်ကြသေးတယ် ။ အိမ်မှာ မျက်နှာရအောင်လို့လေ ။ ဈေးကလည်း မန္တလေးနဲ့ ကွာတာကိုး ။ အိမ်ပြန်လာရင် အသီးအရွက်ပေါင်းစုံနဲ့ ဈေးသည်ကြီး ကျလို့ပေါ့ ။ ရှိုးထုတ်တဲ့ သူငယ်ချင်းတွေ ညနေပိုင်းကျတော့ ပေတူးလန်နေအောင်လဲ ဆော့တတ်တယ် ။ MMK ကအမြဲပြောတယ် ။ ဒီလိုဟာမျိုးလေးတွေ တခါမှ မမြင်ဘူးပါဘူးတဲ့ ။ တစ်ယောက်နဲ့ တစ်ယောက်က တစ်ချိန်လုံးလဲ စတတ်ကြသေးတယ် ။



Monday, August 20, 2007

သူငယ်ချင်းများနှင့် (အပိုင်း ၁)

ကျွန်မတက္ကသိုလ် စတက်တဲ့ ပထမနှစ်ကတည်း သူငယ်ချင်းတွေနဲ့ ဘယ်သွားသွား ဘာစားစား အုပ်စုလိုက်ကြီးနဲ့ နေခဲ့ကြတယ်။ ကျောင်းနားရက်မှာ ဆိုလည်း ကျွန်မတို့မှာ နားရက်မရှိကြအောင်ကို ကိစ္စလည်းအလွန်များပြီး သွားစရာလည်းအလွန်ပေါခဲ့ကြတာပေါ့ ။ ကျွန်မ ညီမလေးကဆို အမြဲပြောတယ်။ မမကြီးက မိုးကုတ်မှာ နေလို့သာ တော်တော့တယ် ။ ဒီမှာသာ ငယ်ငယ်လေးက နေရင်တော့ ဘယ်လိုရှိမယ် မသိဘူးနော်တဲ့ ။(ကျွန်မက ၁၀ တန်းအောင်လို့ တက္ကသိုလ် တက်ရမှသာ မန္တလေးအိမ်မှာ နေတာကိုး) တတိယနှစ်ထိတော့ သူငယ်ချင်းတွေစုံသေးတယ်

အဲဒီနောက်မှာသာ BE,B.Com ဆက်တက်ကြတာနဲ့ computer ကိုဘဲရွေးတဲ့သူတွေ လောက်သာကျန်ခဲ့တာပေါ့ ။ ကျွန်မတို့ နှစ်တွေတုန်းက တက္ကသိုလ် ၂ ခု ပြိုင်တက်ကြတာလေ ။ကျွန်မလည်း IR ကို ဒုတိယနှစ် final exam မှာ computer exam နဲ့တိုက်လို့ဆိုပြီး ထွက်ခဲ့ရတာ ။
အဲဒီတုန်းက လောဘကြီးပြီး ကျောင်း၂ခုတက်တာ တော်တော်ကို စိတ်ရော လူရောပင်ပန်းခဲ့တာပေါ့ ။ အဲဒီတုန်းက IR ကို Roll 1 ဆိုပြီး သူများကို နေရာပေးလိုက်ရမှာ တော်တော်စိုးရိမ်တဲ့ စိတ်ရောဂါကလည်း ထခဲ့သေးတယ် ။အတော်ရီစရာ ကောင်းတယ် ခုချိန်ပြန်တွေးမိရင် ။

ကျွန်မတို့ ကွန်ပျူတာ တတိယနှစ်ကျောင်းသူ ဘ၀ကတော့ ပျော်ဖို့ အကောင်းဆုံးပေါ့ ။ တနေရာရာ သွားချင်ရင်လည်း အိမ်က မလွတ်တဲ့ သူငယ်ချင်းတွေရှိတယ် ။ ကျွန်မက တခုခုဆို အရမ်းကြောက်တတ်ပြီး စိုးရိမ်နေတတ်တယ် ။ ဒီတော့ ကျွန်မ အမြဲလိုလို သူငယ်ချင်းတွေ ကျူရှင်ကနေ ခိုးထွက်ပြီး လည်ကြရင် ကျွန်မက အစောင့်လုပ်ရတာပေါ့ ။ ...သူတို့်တွေက လည်း ရအောင်သွားကြတာလေ ။ ကျောင်း bus ရွှေမန်းမေကြီးကို ပိုက်ဆံပိုပေးပြီး မေမြို့ထိက်ု လည်ကြတာတော့ တကယ်အမှတ်ရမိတယ် ။




Friday, August 17, 2007

အကြိုက်ဆုံး ပို့စ် ၅ခု


ကျွန်မကို မမလေးမက အကြိုက်ဆုံး ပို့စ်အဟောင်း ၅ ခု ကို ရေးဖို့ tag ထားတယ် ... ကျွန်မ ဘလော့ရဲ့ အစကတည်းက ဒိုင်ယာရီ သဘောပါ ... blogger လဲဟုတ်ပါဘူး ။ ခရီးသွား မှတ်တမ်းတစ်ခု ရေးတာက စပြီးမြန်မာလိုရေးတဲ့ blog လေးစဖြစ်တယ် .. ဒီလိုပြောလို့ အင်္ဂလိပ်လို ရေးသလားလို့ မမေးနဲ့အုံးနော် ။ နဲနဲပါးပါး လောက်ပါဘဲ ။ ကြာတော့ ကိုယ်ပြောချင်တာနဲ့ အလှမ်းဝေးတော့ မြန်မာဘလော့တွေကို ပိုစိတ်ဝင်စားတာပေါ့ ..... blog က ကျွန်မ အတွက်တော့ စိတ်ပြတင်းပေါက်ပါ ။.

ပို့စ်က (၄၀)ကျော်ဘဲ ရှိပါသေးတယ် ..... အကြိုက်ဆုံး၅ ခုဆိုတော့ .... အကုန်လုံးတော့ နှစ်သက်ပါတယ် .... ရွေးပြီးပြောရရင်တော့

(၁)အလောင်းတော်ကဿပသို့ (ဒါက ခရီးသွားမှတ်တမ်း ... ဓါတ်ပုံတွေရော အများကြီးပါတယ် )

(၂)နှမြောတတ်ခဲ့မိတဲ့ လက်ဆောင်လေးတစ်ခု(သူကတော့ အတွေ့အကြုံတစ်ခုပေါ်က သင်ခန်းစာ ယူမိတဲ့ post)

(၃)လွမ်းနေရဆဲပါ ( ဒါက ဆုံးသွားတဲ့ အဖွား ၁၄ နှစ်ပြည့်အတွက် ရေးခဲ့တာ)

(၄)ယုံကြည်ပေးလိုက်ပါ ( လူတွေကို သံသယစိတ်နဲ့ ကြည့်တတ်ခဲ့ရင် ... ကျွန်မတို့တွေ မှားမိမှာ စိုးလို့ ....)

(၅)ကျွန်မ အတွက် မိုးရာသီ (ဒါကတော့ မိုးအကြောင်းရေးရလို့ ... မိုးကုတ်ကို သတိရလို့ပါ )


Thursday, August 16, 2007

ကြောင်ချစ်သူသို့ ……



Cool Slideshows!


ကျွန်မ သူငယ်ချင်း အတော်များမျာက ခွေး တို့ ကြောင်တို့ကို အရမ်းချစ်တတ်ကြတယ် ။ ကျွန်မ အိမ်မှာက ခွေးလည်း မရှိ ကြောင်လည်း မရှိဘူးဆိုတော့ အရင်ကဆို သိပ်ပြီး ချစ်ရကောင်းမှန်း မသိဘူးရှင့် ။ ဒီလိုနဲ့ ဒီအပေါင်း အသင်းတွေနဲ့ အနေများလာတော့ အခုဆို အင်တာနက်ထဲမှာ ကြောင်ပုံလှလှလေးတွေ မြင်ရင် သဘောကျတယ်။ ကျွန်မ ပြီးရင် ဟိုကောင်တွေ မြင်ရင်တော့ အရမ်းလိုချင်တော့ မှာဆိုပြီး သူငယ်ချင်းတွေကို သတိရမိတာပေါ့ ။

Sunday, August 12, 2007

မိုးတိမ်ပေါ်မှာ စာရေးနေတယ် .....

တခါတရံ တိမ်တွေကို သဘောကျမိတယ် .... စိတ်တွေ မွန်းကျပ်လာရင်လဲ သီချင်းထဲကလိုပေါ့ .... တိမ်တွေလို လွင့်မျောသွားချင်တယ် လို့ပြောရမလားနော် .... ငိုချင်လာရင်လည်း ကောင်းကင်ပြာပြာကြီးကို မော့ကြည့်လိုက်တော့ မျက်ရည်တွေ အများကြီး မကျရတော့ဘူး။ မောင်လေး ဟိန်းလတ် ပို့စ်ရေးထား သလိုဘဲ ဘ၀မှာ ဖြစ်ချင်တာ ၊ ဖြစ်သင့်တာတွေဆိုတာ ရှိပေမဲ့ ဖြစ်ချင်တာကိုဘဲ ဦးစားပေးချင်မိတာ လူ့သဘာဝလားလို့လေ ။ တခါတရံ စဉ်းစားရသိပ်ခက်တယ် ။ လူ့ဘ၀ကြီးရဲ့ ပုစ္ဆာတွေအတွက် ..... ဘာတွေကို ဖြစ်ချင်နေလဲ ..... ဘာတွေက လုပ်သင့်နေတာလဲ စဉ်းစားရလွန်းလို့ ခေါင်းတွေလည်း မူးလာပြီ ။ လူဘ၀ကြီးထဲမှာ တခါတလေလည်း ဖြစ်ချင်တာကိုလည်း ရွေးချင်မိတယ် .... ကျွန်မ အခုဘလော့မှာ စာရိုက်နေတယ် ... အရမ်း လွတ်လပ် ပေါ့ပါးနေတဲ့ တိမ်တွေပေါ် ရောက်နေတာ ...... ဟုတ်တယ်ဟုတ် .... ကျွန်မ ဘလော့ template က တိမ်တွေနဲ့ဆိုတော့ ..........တစ်ယောက်ယောက်ကများ ဂူဂူးဘာလုပ်နေလဲလို့မေးရင် ကျွန်မက တိမ်တွေပေါ် မှာ စာရေးနေတယ်လို့ ပြောလိုက်မယ်နော် .....



Saturday, August 11, 2007

စိတ်နဲ့ လူနဲ့ မကပ်ပုံကတော့ ......


ဒီနေ့ ရုံးကိုလာတာ အိမ်ကထွက်လာ ကတည်းက စိတ်က မကြည်ချင်ဘူး ။ မေမေ က သမီး ဆိုင်ကယ် ဆီထုတ်ရဦးမှာလားလို့ မေးတယ် ။ ၂ ဂါလံဘဲ ထုတ်ရသေးတယ်မလားတဲ့ ။ အဲဒါ ကိုလည်း ဟာ မေမေ ကလဲ .. သိပါတယ် ..... ဆိုပြီး ပြန်ပြောမိသေးတယ် ။ မေမေ က သတိပေးတာပါတဲ့ ။ သင်တန်းချိန်က နေ့လည်ပိုင်းမှ စမှာဆိုပြီး .. အိမ်မှာဘဲ နေလိုက်ရမလား ။ ဒါပေမဲ့ လုပ်စရာတွေလည်း နည်းနည်းရှိသေးတယ် ။ နေလည်း သိပ်မကောင်းချင်ဘူး ။ ခေါင်းမူးချင်တာ လိုလို ဗိုက်အောင့်နေသလိုလို .. စိတ်က ရွှင်ဘူး ။ တွေးစရာ တွေကလည်း ခေါင်းထဲ တန်းကိုစီလို့ ... ဒီလိုနဲ့ အထုပ်တွေရော ချိုင့်တွေရော ဆွဲပြီး ထွက်လာခဲ့တာ .. သြော် အထုပ်ဆိုတာက thesis စာအုပ်တွေရော ဖိုင်တွေရော .. ပိုက်ဆံက လွဲလို့ အစုံပါတဲ့ လက်ကိုင်အိတ်ရောလေ .... ဆိုင်ကယ် ခြင်းထဲ မဆံ့တာတွေကို ဆိုင်ကယ် လက်ကိုင်မှာ ချိတ်ပြီး မောင်းလာခဲ့တာ .... ၇၈ လမ်းပေါ်ရောက်တော့ လေက အရမ်းကြီးတိုက်လာလို့ လက်တစ်ဖက်က ဆိုင်ကယ် ဦးထုပ်ကို ထိန်းလိုက်တာ .... လက်ကိုင်မှာ ချိတ်ထားတဲ့ အိတ်ကြီး လွင့်ထွက်သွားတယ် ။ ဒါလည်း သိဘူးတော့ ..... ဆက်မောင်းလာခဲ့တာ .... ကားတစ်စီး က နောက်က ဟွန်းအရမ်းတီးနေတာ. သူမှာလည်း အရေးကြီးလို့နေမှာ ဆိုပြီး ရှောင်ပေး လိုက်သေးတယ် ။ ..... ဟိုက ဘာပြောကောင်းမလဲ ... ဒီကောင်မလေး ဘယ်လိုဖြစ်နေလဲ .. အိတ်ကျခဲ့ပြီတဲ့ .. ဒေါသတွေထွက်ပြီး အော်သွားတယ် ။ အဲဒီတော့မှ အော် ဖြစ်ရလေ ..ငါနှယ်နော် .. ဆိုပြီး... အော် သတိသတိ ဘယ်ရောက်နေလဲလို့ ပြန်ခေါ်လိုက်ရတယ် ... ။ ကျွန်မက အဲလိုကို .... တွေးတာများရင် ဘာမှ မသိအောင်ကို ပေါ့တီး ပေါ့ဆနိုင်တတ်တာလေ ……......





Friday, August 10, 2007

နားလည် လက်ခံရအောင် ……..

ကျွန်မတို့တွေဟာ ဘယ်နေရာ ဘဲရောက်ရောက် ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် ကျွန်မတို့ ချစ်ခင်တဲ့ သူတွေနဲ့သာ ပေါင်းသင်း ဆက်ဆံလိုကြတယ် ။ ဒါပေမဲ့ အမြဲတမ်းတော့ ကျွန်မတို့ ဆန္ဒတွေက မပြည့်နိုင်ကြပါဘူး ။ ကံဇာတ်ဆရာ အလိုကျ ချစ်ခင်သူများ သာမက မချစ်ခင် မနှစ်သက်သူများနှင့်ပါ ရောနှော ပေါင်းသင်းရတတ်ပါတယ်..............အဲလိုအခါမှာ................ ကျွန်မတို့အနေနဲ စိတ်ဆင်းရဲကြတယ် ။

လက်ရှိ အခြေအနေကလည်း ထွက်ပြေးချင်ကြပါတယ် ။ဒီဒုက္ခကြီး ကိုလည်း စိတ်ထဲမှာ မခံနိုင် ဖြစ်တာပေါ့နော် ။ တကယ်တမ်းတော့ ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ်ချစ်ခင် နှစ်သက်သူတွေ ရှိသေးတယ်ဆိုတာ မေ့နေတတ်တာလေ ။ကိုယ်မချစ်ခင်တဲ့ သူကို ရှောင်ပြေးတဲ့ အခါ ချစ်ခင်ရတဲ့ သူတွေနဲ့ လည်း ဝေးရတတ်တာ မျိုးလည်း ရှိရပါတယ် ။
လူဘ၀ကြီးက ဟင်းတစ်ခွက် ဆိုရင် ချဉ် ၊ ငံ ၊ စပ် ၊ခါး အရသာ အစုံပါနိုင်တာဘဲလေ ။ကိုယ်က အချိုကြိုက်တတ်ရင်တောင် တခြား ချဉ် ၊ စပ် ၊ခါးတဲ့ အရသာကို မြည်းကြည့်ရဦးမှာပေါ့ ။

ဘ၀မှာ ကြုံလာတဲ့ အခြေ အနေတွေထဲက မလိုအပ်ဘဲ ထွက်မပြေးတတ်အောင် နေနိုင်ရမလို အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ထားကို ဘဲ ပြောင်းနိုင်အောင် ကြိုးစားဖို့ပါဘဲ ။ ဘ၀ဆိုတာ တစ်ခါတစ်ရံတော့ ဒူးရင်းသီးစားသလို ကြုံရတတ်တယ်တဲ့ ။ ဒူးရင်သီး စားချင်ပြီး ဆူးကြောက်လို့ မခွဲရဲရင်တော့ ချိုမြိန်ခြင်း နဲ့ လွဲရမှာလေ ။ ချစ်ခင်နှစ်သက် သူများနှင့် ပေါင်းသင်းဆက်ဆံ ရခြင်းဟာ မင်္ဂလာ လို့ဆိုရင် မင်္ဂလာကို ကြိုဆိုနိင်သလိုဘဲ ကံကြမ္မာကို လည်း နားလည်လက်ခံကြရအောင်
..





Tuesday, August 7, 2007

အတွေး ….. အရေး( အချစ်နဲ့ ဘ၀)



သင် အမှန် တကယ် မချစ်သေးခင် အထိတော့ ပျော်ရွှင်မှုရဲ့ အရသာကို ဘယ်လိုမှ မသိနိုင်သလို . အချစ်ကို မဆုံးရှုံးရ သေးခင်အထိလည်း နာကျင်မှုဆိုတဲ့ အရာကိုလည်း နားလည်မှာ မဟုတ်ပါဘူး ။

သင်ဟာ ချစ်ခြင်း မပါဘဲ ပေးနိုင်ပေမဲ့ ပေးဆပ်မှု မပါဘဲနဲ့တော့ မချစ်နိုင်ပါဘူး ။

သင်ချစ်တဲ့ လူတစ်ယောက်ကို မေ့ဖို့ ကြိုးစားခြင်းဟာ သင်ဘယ်တော့မှ မဆုံနိင်တော့မယ့် တစ်စုံတစ်ယောက်ကို သတိရဖို့ ကြိုးစားခြင်းနဲ့ တူတယ် ။

ကမ္ဘာကြီး အတွက်တော့ သင်ဟာလူတစ်ယောက်ပါ ။ဒါပေမဲ့ လူတစ်ယောက် အတွက်တော့ သင်ဟာ ကမ္ဘာကြီး တစ်ခု ဖြစ်နေတတ်ပါတယ် ။

အချစ် နဲ့ စစ်ဟာ တူတူဘဲ .. စ ဖို့လွယ်ပေမဲ့ အဆုံးသတ်ဖို့က ခက်ပါတယ် ။

သက်တံကို မြင်နိုင်ဖို့ မိုးရွာတာကို အရင်ဖြတ်ရဦးမယ်လေ ။

စောင့်နေတဲ့ အချစ်ကတန်ဖိုး မရှိဘူး .. ရှိနေတဲ့ အချစ်ကိုသာ တန်ဖိုးထားပါ ။

ကိုယ်အတွက် အေးနေတဲ့ လက်တစ်စုံကို မလွတ်ဘဲ ဆုပ်ကိုင်ထားတယ် ။ ကိုယ်လက်ရဲ့ နွေးထွေးမှုကြောင့် သူ့လက်လေးလဲ နွေးလာမလား လို့ပါ ။

သင့်အတွက် အကောင်းဆုံးဆိုတာ ရဖို့ကို အချစ်က ဘယ်တော့မှ ခွင့်မပေးပါဘူး ။ ဒါပေမဲ့ အကောင်းဆုံး အချစ်ကိုရဖို့တော့ သင်အမြဲ ကြိုးစားသင့်ပါတယ် ။

သင်ကြုံရတဲ့ အချစ်က မပိုင်ရတဲ့ အချစ် (သို့မဟုတ်) အသဲကွဲတဲ့ အချစ်မျိုး ဖြစ်ရရင်တောင် လူတစ်ယောက်ကို အမှန်တကယ် ဘယ်လို ချစ်ရမယ်ဆိုတာ သိခြင်းက ဘ၀မှာ ပြည့်ပြည့်၀၀ နေထိုင်နိုင်ခြင်းနဲ့ တူပါတယ် ။



Sunday, August 5, 2007

Happy Friendship Day!!!

A Friend is a Treasure
A friend is someone we turn to,
when our spirits need a lift.
A friend is someone we treasure,
for our friendship is a gift.
A friend is someone who fills our lives,
with beauty, joy and grace.
And make the world we live in,
a better and happier place.




<$BlogPageTitle$> <$BlogMetaData$>