Thursday, July 26, 2007

မေတ္တာနှင့်သာ ချစ်တတ်ပါ ….

လူတွေအားလုံးက မေတ္တာဆိုတာ ဘယ်လို…… ချစ်တယ်ဆိုတာက ဘာ…..စသဖြင့် အချစ် နဲ့ မေတ္တာကို ကိုယ်ကြုံရတဲ့ ဘ၀စာမျက်နှာတွေ ဆက်ဆံရေးပုံစံ အမျိုးမျိုးနဲ့ အဓိပါယ် အမျိုးမျိုး ဖွင့်ကြတယ် ။……. မြန်မာတွေကတော့ မေတ္တာဆိုတာနဲ့ ပတ်သတ်လို့ ကိလေသာအမျိုးပေါင်း ၁၅၀၀ ကို ကိုယ်စားပြုတဲ့ အချစ်ဆိုတာမျိုးရယ် .. မေတ္တာပို့တဲ့ နည်း(၅၂၈) ကို ရည်ညွှန်းတဲ့ ချစ်ခြင်း ဆိုတာရယ်ပေါ့ …..ကျွန်မတို့တွေဟာလည်း ဘယ်နေရာမှာ မဆို များသောအားဖြင့် အချစ်ခံချင်တတ်ကြတယ် ……… အိမ်မှာဘဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေထဲမှာဘဲ ဖြစ်ဖြစ် ….. ကိုယ်ကို ဦးစာပေးပြီး ချစ်တာမျိုးကို လိုချင်တတ်ကြပါတယ် …..

အိမ်မှာဆိုရင် တစ်ခုခုကို စိတ်တိုင်းမကျ ဖြစ်တိုင်းလည်း မိဘတွေက ကိုယ်ကို မချစ်ဘူးဆိုပြီး တွေးမိတတ်သလို ….. သူငယ်ချင်းတွေကြားထဲလည်း ကိုယ်ကို ဦးစားမပေးရင် ….. ငါကိုချစ်ကြဘူးလို့ စိတ်ကောက်ကြတတ်တယ်လေ ။…….. ရည်းစားထားကြပြန်တော့လည်း ကိုယ်ချစ်တဲ့သူက ကိုယ်ကို အများကြီး မချစ်မှာ စိုးရိမ်စိတ်နဲ့ သူ့နားက အများကြီး လိုချင်မိပြန်ရော …………. ဒီလိုမျိုးလေးတွေပေါ့နော် …… ကိုယ်ကတော့ ချစ်ရတယ် … ကိုယ်ကိုကျတော့ ဒီလို ဆိုတဲ့ အတွေးတွေနဲ့လည်း မကြာခဏလဲ ခံစားကြတာလေ ။… ငယ်ငယ်တုန်းက ဆိုရင်တော့ ဒီလိုစိတ်လေးတွေက မသိတာပေမယ့် အခုလိုကြီးလာကြတော့ …. လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေလှပါဘူး….


တနည်းပြောရရင် ကိုယ်စိတ်က သူများကို မှီိခိုတတ်တာပါ .. ဒါကလည်း ကိုယ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ကြုံလာရတဲ့ အကြောင်းတရားတွေကြောင့် … အများကြီးပါပါတယ် ။ …….. ငယ်ငယ်တုန်းက အလိုလိုက်ခံရရင် နေရာတကာ အားလုံးကို လိုချင်စိတ်ဆိုတာက ကြီးစိုးသွားနိုင်သလို ငယ်စဉ်ဘ၀မှာ မေတ္တာဆိုတာ အပြည့် မရခဲ့ရင်လည်း အားငယ်စိတ်ကြောင့် အရမ်းစိုးရိမ်တတ်ပြီး လိုချင်စိတ်များတတ်တယ်။ ……နေရာတိုင်းမှာ ကိုယ်ဖြစ်ချင်သလိုတွေ မရနိုင်ဘူးလေ … လိုချင်စိတ်ကြောင့် အရမ်းပူလောင်ရလို့ အဲဒီ အချိန်မျိုးမှာ ကိုယ်ကိုကိုယ် မမြင်နိုင်သရေ့တော့ လှိမ့်ပိန့်နေအောင် ခံပေတော့လေ ။……


တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် အဲဒီစိတ်က လွတ်လွတ်လပ်လပ် နဲ့ ချစ်တာလား ။ တစုံတရာကိုရော မျှော်လင့်စိတ်ရော ပါသလား ။ ငါချစ်တိုင်း သူပြန်ချစ်ရမယ်မျိုး ဆိုရင်တော့ ကျွန်မတို့ရဲ့ သဘောထားက မဟုတ်ဘူးနော် ။ ဒါမျိုးကို မေတ္တာလို့လဲ ပြောလို့ဘယ်ရပါ့ မလဲ ။ လိုချင်စိတ်က ကိုယ်အတ္တပါ ။ အရာရာတိုင်းကို လိုချင်စိတ်နဲ့ ချစ်ကြလို့လည်း ရင်ပူစိတ်မော သောကရောက်ရတာ ။ ….. အချစ်ဆိုတာ ကို မကင်းကွာနိင်သေးရင်တော့ ပိုင်ဆိုင်လိုစိတ်နဲ့ ဘယ်အရာကိုမှ မချစ်တတ်အောင် ကြိုးစားရမှာပါ ။


ဘယ်လို အချစ်မျိုးဘဲဖြစ်ဖြစ်ပေါ့ ။ …. ကျွန်မတို့တွေက အချစ်ခံချင်ကြဦးမယ် ချစ်တတ်ကြဦးမယ်ဆိုရင်တော့ အရင်ဆုံး ကိုယ်စိတ်ကိုယ် စစ်သင့်ပါတယ် ။ ရယူခြင်းထက် ပေးနိုင်ခြင်းက ပိုမြင့်မြတ်တယ်လေ ။ လိုချင်စိတ်က ပူလောင်ရတယ် .. ပေးနိုင်တယ်ဆိုတာက ကိုယ်ကို ကိုယ် အများကြီးလည်း ကျေနပ်နိုင်ပါတယ် ။ လိုချင်စိတ်ကြာင့် ဖြစ်ရတဲ့ စိတ်ပင်ပန်းစေတဲ့ အရာတွေက လာနိုးနိုး မျှော်ရတာ ၊ ကျွေးနိုးနိုး မျှော်ရတာ ၊ ပေးနိုးနိုး မျှော်ရတာ ၊ ရနိုးနိုး မျှော်ရတာ တွေတဲ့ ။


မေတ္တာဆိုတာ ကိုယ်ကပေူးတာ ။အချစ်ဆိုတာ ကိုယ်က လိုချင်တာပါ ။ မေတ္တာက ဘယ်လောက် ပေးပေး ကုန်တယ်မရှိပါဘူး ၊ အချစ်ကတော့ ဘယ်လောက်ရရ အားရတယ် မရှိဘဲ ရလေလေ လိုချင်လေလေ ပါဘဲ။ ကျွန်မတို့တွေက ပုထုစဉ်လူသားတွေ ဖြစ်တာကြောင့် လိုချင်စိတ်ဆိုတာလည်း မကြာခဏတော့ ပေါ်နေကြဘဲလေ ။ ဒါပေမယ့် သတိဆိုတဲ့ ချွန်းလေးအုပ်ပြီး အချစ်ဆိုတာကြောင့် ပူလောင်ခြင်းတွေက ကင်းဝေးပြီး မေတ္တာရဲ့ အေးမြမှုကို ခံစားနိုင်အောင် ကိုယ်ကိုကိုယ် တာဝန်ယူရမှာဆိုတာကို ကျွန်မရဲ့ ခံစားမိတဲ့ အမြင်နဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ် ။

1 comment:

သန့်ဇော်မင်း said...

အလွန်ကောင်းတဲ့ ပိုဒ့်လေးပါ...
မေတ္တာနှင့်သာ ချစ်နိုင်ပါစေ...

tzm

<$BlogPageTitle$> <$BlogMetaData$>