Wednesday, July 25, 2007

ဖေဖေ နဲ့ မေမေ့ ……… သို့


လူဘ၀ကြီးကို ရောက်လာခွင့်ပေးခဲ့လို့ ဖေနဲ့ မေ့ကို ကျေးဇူးတင်ပါတယ် ။ ငယ်ငယ်တုန်းက မွေးနေ့ဆိုတာ ရောက်တိုင်းမှာ “ငါကြီးလာရင် ဘာလုပ်မယ်…. လုပ်ချင်တာတွေရော ဖြစ်ချင်တာတွေရော ဘာတွေဖြစ်ရဦးမယ် “ဆိုတဲ့ အတွေးနဲ့…. အသက် တစ်နှစ်ကြီးကြီးလာတာကို ရင်ခုံစွာနဲ့ ပျော်ရွှင်ခဲ့ရတယ် ။ .. တစ်ခုခုကို စိတ်တိုင်းမကျတိုင်းမှာလည်း လူဘ၀ကြီးက ဘာမှန်းလည်း သိဘူးကွာ .. သိပ်စိတ်ရှုပ်ဖို့ကောင်းတယ် ဖြစ်ချင်တာတွေ မဖြစ်ရဘူးဆိုပြီး လည်း ညည်းတွားဘူးတယ် ။ဘ၀ဆိုတာ ရသစုံမှဘဲ အနှစ်ကို သိရတယ်ဆို သလိုပေါ့နော် ။...........လျှောက်ရမဲ့ ဘ၀ခရီးလမ်း မပန်းရလေအောင် စေတနာပန်းခင်းပြီး မေတ္တာမီးအိမ်နဲ့ ဘ၀လှေခါးထစ်တွေကို ရဲရဲဝံ့ဝံ့တက်နိုင်အောင် အားပေးခဲ့သလို….. ကျန်းမာရေးမကောင်းလို့ဆို ပြီးလည်း အမြဲအရိပ်လို ဂရုစိုက်ပေးခဲ့တယ် ။ ……….. စိတ်မြန်ပြီး ဇွတ်လုပ်တတ်သလို ခေါင်းမာတတ်လို့လဲ ဘာလို့ ဆိုးရတာလဲ လို့ အမေက မကြာခဏ မေးတတ်တယ်လေ ။ …………….. ငယ်တုန်းကနေ ၁၀ တန်းအောင်တဲ့ မိုးကုတ်အိမ်မှာ နေခဲ့လို့ စိတ်ကောက်တိုင်းလဲ မေမေက သမီးအကြောင်းမသိပါဘူးလို့ ပြောတိုင်းလည်း စိတ်မကောင်းဖြစ်ရတယ် မလား ။ ………. လူဘ၀ထဲကို ရောက်ခဲ့လာတာ အခုဆို ၂၄ တောင်ပြည့်ပြီ ။ စဉ်းစားမိတာက သမီးဘာတွေလုပ်ခဲ့ပြီးပြီလဲ ………..ဘာတွေရော လုပ်ချင်သေးလဲ … လူဘ၀ကြီးမှာရော ဘယ်လောက်ရှိနိုင်ဦးမလဲ ။ သေသွားခဲ့ရင်ရော ဘာမလုပ်ခဲ့ရဘူးလို့ နောင်တရမိမလဲ….. အဲဒါတွေထဲမှာ ဖေနဲ့ မေအတွက်ရော သမီး အတွက်ပါ အကောင်းဆုံးတွေ ဖြစ်ချင်တယ်… ။ အဲလိုဘဲဖြစ်ရမယ်ဆိုတာကို မွေးနေ့လက်ဆောင်အနေနဲ့ သမီးက ပေးတယ်နော် ……… ကျန်းမာရေးကိုလည်း အမြဲဂရုစိုက်ပါမယ် ။ သမီး ပြောနိုင်တာထက်ကို အဖေနဲ့ အမေ့ ကိုပိုချစ်ပါတယ် ။………………….



2 comments:

simon said...

happy birthday ba shwepont lay yay

Myo Kyaw Htun said...

Happy Birthday !!!

<$BlogPageTitle$> <$BlogMetaData$>