Friday, July 27, 2007

ယုံကြည်ပေးလိုက်ပါ …….

လူတစ်ယောက် အပေါ် ယုံကြည်ခြင်းဟာ အဲဒီလူ အတွက် မိမိ အနေနဲ့ အကောင်းဆုံးပေးလိုက်တာ ပါတဲ့ ။ ဒီအတွက် ပြောစရာတော့ ရှိတယ် ။ လူတိုင်းကို လိုက်ယုံနေရရင်တော့ ကိုယ်ချည်းဘဲ အလိမ်ခံနေရမှာပေါ့ လို့ပြောလို့တော့ ရတယ်လေ ။ ပြီးတော့ အရာရာတိုင်းကို ယုံလို့ မရဘူးတွေ ၊ ဘယ်သူကိုမှ မယုံနဲ့ ၊ ကိုယ်ကကျူးရင် ကိုယ်ဒူးကိုတောင် ယုံရတာ ဟုတ်ဘူး ဆိုတာတွေ လဲကြားဖူးကြမှာပါ ။ဒါပေမဲ့ လူတစ်ယောက်ရဲ့ အမြင့်ဆုံးတန်ဖိုးက ယုံကြည် စိတ်ချရခြင်းဘဲ ဆိုတာကို အားလုံးက လက်ခံမှာပါ ။

ကျွန်မ ဆိုလိုတာက လူတွေအပေါ် မှာ ကျွန်မတို့ရဲ့ တန်ဖိုးထားမှု အလိုက် ကိစ္စကြီးငယ် အရပေါ့ ကျွန်မတို့က သူ့အတိုင်းတာနဲ့သူတော့ အပြည့်အ၀ ယုံကြည်မှုပေးရမယ်လို့ ထင်ပါတယ် ။ကိုယ်ကိုလည်း ယုံကြည်မှု ရှိမှလည်း သူများအပေါ် သံသယ မများတတ်မှာ ဆိုတာလည်း ဟုတ်ပါတယ် ။ လူတွေ အပေါ် သူ့အတိုင်းအတာနဲ့သူ တန်ဖိုးထားပြီး ယုံကြည်မှု အပြည့် ပေးနိုင်ရပါ့မယ် ။ကိုယ်ကိုကိုယ် လေးစားနိုင်မှ သူများကလည်း လေးစားနိုင်မှာ ဖြစ်သလို ကျွန်မတို့နဲ့ ပတ်သတ်ရသူတွေ အတွက်လဲ အကောင်းဆုံး ဆိုတာကို ပေးတတ်သင့်တယ် ။ အရေးမပါတာတွေကို အရေးလုပ်ပြီး လုပ်သင့်တာတွေအတွက် ကတ်စီးနည်းတတ်ကြရင် ပြန်မရနိုင်တဲ့ အချိန်တွေ အတွက်နောင်တဆိုတာ ရှိလာရမှာ စိုးရိမ်မိတယ် ။


ဘ၀ဆိုတဲ့ လမ်းကလေးမှာ လူတွေဆိုတာလည်း ရေစက်ရှိသလောက် ခဏတာကြုံရတာပါ ။နေရာတိုင်းကို သံသယစိတ်မျိုးနဲ့ ကြည့်တတ်နေရရင် ဘ၀တာတိုတိုလေးမှာ ပျော်ရွှင်စရာ အချိန်တွေ ကုန်ပါလိမ့်မယ် ။ သူငါကို ခင်တာမှ ဟုတ်ရဲ့လား ၊ချစ်တာမှ ဟုတ်ရဲ့လားဆိုတာက လေးတွေက အစပေါ့နော် ။ကိုယ်ပေးတဲ့ အရာကို တန်ဖိုးမထားတာက သူ့အပိုင်းပါ ။ အဓိကကျတာက မိမိအနေနဲ့ ကိုယ်နဲ့ပတ်သတ်ရသူတွေအပေါ် သံသယကင်းတဲ့ ယုံကြည်မှုကို အကောင်းဆုံးလက်ဆောင်ပေးပြီး အဖိုးတန်တဲ့ ကြုံဆုံမှုတွေအတွက် အချိန်တွေကို အကောင်းဆုံးနည်းနဲ့ ဖြတ်သန်းကြဖို့လေ ။ ဒါကြောင့် ယုံကြည်ပေးလိုက်ပါ ။

The Way to Love “ Everything”

Love me without fear.

Trust me without questioning.

Need me without demanding.

Want me without restrictions.

Accept me without change.

Desire me without inhibitions.

For a love so free

Will never fly away.



Thursday, July 26, 2007

မေတ္တာနှင့်သာ ချစ်တတ်ပါ ….

လူတွေအားလုံးက မေတ္တာဆိုတာ ဘယ်လို…… ချစ်တယ်ဆိုတာက ဘာ…..စသဖြင့် အချစ် နဲ့ မေတ္တာကို ကိုယ်ကြုံရတဲ့ ဘ၀စာမျက်နှာတွေ ဆက်ဆံရေးပုံစံ အမျိုးမျိုးနဲ့ အဓိပါယ် အမျိုးမျိုး ဖွင့်ကြတယ် ။……. မြန်မာတွေကတော့ မေတ္တာဆိုတာနဲ့ ပတ်သတ်လို့ ကိလေသာအမျိုးပေါင်း ၁၅၀၀ ကို ကိုယ်စားပြုတဲ့ အချစ်ဆိုတာမျိုးရယ် .. မေတ္တာပို့တဲ့ နည်း(၅၂၈) ကို ရည်ညွှန်းတဲ့ ချစ်ခြင်း ဆိုတာရယ်ပေါ့ …..ကျွန်မတို့တွေဟာလည်း ဘယ်နေရာမှာ မဆို များသောအားဖြင့် အချစ်ခံချင်တတ်ကြတယ် ……… အိမ်မှာဘဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေထဲမှာဘဲ ဖြစ်ဖြစ် ….. ကိုယ်ကို ဦးစာပေးပြီး ချစ်တာမျိုးကို လိုချင်တတ်ကြပါတယ် …..

အိမ်မှာဆိုရင် တစ်ခုခုကို စိတ်တိုင်းမကျ ဖြစ်တိုင်းလည်း မိဘတွေက ကိုယ်ကို မချစ်ဘူးဆိုပြီး တွေးမိတတ်သလို ….. သူငယ်ချင်းတွေကြားထဲလည်း ကိုယ်ကို ဦးစားမပေးရင် ….. ငါကိုချစ်ကြဘူးလို့ စိတ်ကောက်ကြတတ်တယ်လေ ။…….. ရည်းစားထားကြပြန်တော့လည်း ကိုယ်ချစ်တဲ့သူက ကိုယ်ကို အများကြီး မချစ်မှာ စိုးရိမ်စိတ်နဲ့ သူ့နားက အများကြီး လိုချင်မိပြန်ရော …………. ဒီလိုမျိုးလေးတွေပေါ့နော် …… ကိုယ်ကတော့ ချစ်ရတယ် … ကိုယ်ကိုကျတော့ ဒီလို ဆိုတဲ့ အတွေးတွေနဲ့လည်း မကြာခဏလဲ ခံစားကြတာလေ ။… ငယ်ငယ်တုန်းက ဆိုရင်တော့ ဒီလိုစိတ်လေးတွေက မသိတာပေမယ့် အခုလိုကြီးလာကြတော့ …. လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေလှပါဘူး….


တနည်းပြောရရင် ကိုယ်စိတ်က သူများကို မှီိခိုတတ်တာပါ .. ဒါကလည်း ကိုယ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ကြုံလာရတဲ့ အကြောင်းတရားတွေကြောင့် … အများကြီးပါပါတယ် ။ …….. ငယ်ငယ်တုန်းက အလိုလိုက်ခံရရင် နေရာတကာ အားလုံးကို လိုချင်စိတ်ဆိုတာက ကြီးစိုးသွားနိုင်သလို ငယ်စဉ်ဘ၀မှာ မေတ္တာဆိုတာ အပြည့် မရခဲ့ရင်လည်း အားငယ်စိတ်ကြောင့် အရမ်းစိုးရိမ်တတ်ပြီး လိုချင်စိတ်များတတ်တယ်။ ……နေရာတိုင်းမှာ ကိုယ်ဖြစ်ချင်သလိုတွေ မရနိုင်ဘူးလေ … လိုချင်စိတ်ကြောင့် အရမ်းပူလောင်ရလို့ အဲဒီ အချိန်မျိုးမှာ ကိုယ်ကိုကိုယ် မမြင်နိုင်သရေ့တော့ လှိမ့်ပိန့်နေအောင် ခံပေတော့လေ ။……


တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် အဲဒီစိတ်က လွတ်လွတ်လပ်လပ် နဲ့ ချစ်တာလား ။ တစုံတရာကိုရော မျှော်လင့်စိတ်ရော ပါသလား ။ ငါချစ်တိုင်း သူပြန်ချစ်ရမယ်မျိုး ဆိုရင်တော့ ကျွန်မတို့ရဲ့ သဘောထားက မဟုတ်ဘူးနော် ။ ဒါမျိုးကို မေတ္တာလို့လဲ ပြောလို့ဘယ်ရပါ့ မလဲ ။ လိုချင်စိတ်က ကိုယ်အတ္တပါ ။ အရာရာတိုင်းကို လိုချင်စိတ်နဲ့ ချစ်ကြလို့လည်း ရင်ပူစိတ်မော သောကရောက်ရတာ ။ ….. အချစ်ဆိုတာ ကို မကင်းကွာနိင်သေးရင်တော့ ပိုင်ဆိုင်လိုစိတ်နဲ့ ဘယ်အရာကိုမှ မချစ်တတ်အောင် ကြိုးစားရမှာပါ ။


ဘယ်လို အချစ်မျိုးဘဲဖြစ်ဖြစ်ပေါ့ ။ …. ကျွန်မတို့တွေက အချစ်ခံချင်ကြဦးမယ် ချစ်တတ်ကြဦးမယ်ဆိုရင်တော့ အရင်ဆုံး ကိုယ်စိတ်ကိုယ် စစ်သင့်ပါတယ် ။ ရယူခြင်းထက် ပေးနိုင်ခြင်းက ပိုမြင့်မြတ်တယ်လေ ။ လိုချင်စိတ်က ပူလောင်ရတယ် .. ပေးနိုင်တယ်ဆိုတာက ကိုယ်ကို ကိုယ် အများကြီးလည်း ကျေနပ်နိုင်ပါတယ် ။ လိုချင်စိတ်ကြာင့် ဖြစ်ရတဲ့ စိတ်ပင်ပန်းစေတဲ့ အရာတွေက လာနိုးနိုး မျှော်ရတာ ၊ ကျွေးနိုးနိုး မျှော်ရတာ ၊ ပေးနိုးနိုး မျှော်ရတာ ၊ ရနိုးနိုး မျှော်ရတာ တွေတဲ့ ။


မေတ္တာဆိုတာ ကိုယ်ကပေူးတာ ။အချစ်ဆိုတာ ကိုယ်က လိုချင်တာပါ ။ မေတ္တာက ဘယ်လောက် ပေးပေး ကုန်တယ်မရှိပါဘူး ၊ အချစ်ကတော့ ဘယ်လောက်ရရ အားရတယ် မရှိဘဲ ရလေလေ လိုချင်လေလေ ပါဘဲ။ ကျွန်မတို့တွေက ပုထုစဉ်လူသားတွေ ဖြစ်တာကြောင့် လိုချင်စိတ်ဆိုတာလည်း မကြာခဏတော့ ပေါ်နေကြဘဲလေ ။ ဒါပေမယ့် သတိဆိုတဲ့ ချွန်းလေးအုပ်ပြီး အချစ်ဆိုတာကြောင့် ပူလောင်ခြင်းတွေက ကင်းဝေးပြီး မေတ္တာရဲ့ အေးမြမှုကို ခံစားနိုင်အောင် ကိုယ်ကိုကိုယ် တာဝန်ယူရမှာဆိုတာကို ကျွန်မရဲ့ ခံစားမိတဲ့ အမြင်နဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ် ။

Wednesday, July 25, 2007

Thanks for Birthday Wishes

ဇူလိုင် ၂၅ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာချင်းနှင့် ပြည့်စုံသောသူ၊မိမိဘ၀ကို မိမိပိုင်ဆိုင်နိုင်သောသူ၊ Post တွေအများကြီးရေးနိုင်သောသူ
မွေးနေ့ပေါင်း မြောက်များစွာကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်သောသူ ဖြစ်ပါစေ .... ရွှေပုံ့ ရေ ..... (ကို steven)






မန္တလေးက ဘော့ဂါ ရွှေပုံ့ ( ဂူးဂူး )ရေ.....

၂၀၀၇ ဇူလိုင် ၂၅ ရက် - မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ.....

အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ပါစေ.. (ကိုဇော်မျိုးအောင်)







ရွှပုံ့ ”တဲ့ နာမည်လေးက သူ့ကိုခင်တဲ့သူတွေကတော့ ဂူဂူး လို့ခေါ်ကြပါတယ်။ မိုးကုတ်သူလေး တစ်ယောက် ဖြစ်ပါတယ်။ သူအခုတော့ မန္တလေးမှာပါ။ ကျွန်တော်နဲ့ ခင်ကြတာဟာ သိပ်ပြီး မကြာသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ညီအမ အရင်းအဖွယ် ခင်မင်မိပါတယ်။ ဒီနေ့သူ့ ၂၄ နှစ်ပြည့်မွေးနေ့တဲ့။ ဆုတောင်းပေးပါရစေ။ “ ပျော်ရွင် ချမ်းမြေ့သော ဘ၀တစ်ခုကို မိမိ ချစ်ရသောသူနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေ ” မွေးနေ့ လက်ဆောင် အဖြစ် သူ့ Blog မှာ banner လေးတစ်ခု ဆွဲပေးပါရစေ။(ACL)


ACL: Happy Brithday ပါ။

CMS: Happy Brithday ... may ur dreams come true :)

KM: ပျော်ရွှင်ပါစေဗျာ

KM: Happy Birthday ..... အခုမှသိလို့ စတီဗင် ဘလော့မှာ ပို့စ်တင်ထားတာ တွေ့လို့....


s_potato: Happy Birthday.......shwe pont

ဘုရင့်နောင်: May you have a wonderful Birthday!

ဦးထိပ်: လိုတိုင်း တဖို့ မလိုအောင် ပြည့်စုံပါစေဗျာ . . . တော်သေးတယ် ၂၅ရက်နေ့ကို မီလိုက်သေးတယ် . . .

susu: မမကြီး ပျော်ရွှင်ပါစေ :)

စိုးဇေယျ: ပျော်ရွင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ ကွယ်


Gue ,,,
Happy Birthday !!!
I wish all of your dream will come true from this day...(layma)

စစ်ကိုင်း: မွေးနေ့မှာ ပျော်ရွှင်ပါစေ။


phoxin: Happy birthday ဖြစ်ပါစေ.။ မရွေပုံ့.. အောင်မြင်မှုတွေ အများကြီးရပါစေဗျာ


baganthar:ံHAPPY BIRTHDAY!! ပါအစ်မ။ လာလည်ပါတယ်။ ပထမဦှးဆုံးအကြိမ်ဖြစ်သည်။ မနက်ဖြန်မှပဲပို့ စ်တွေလာဖတ်တော့မယ်။ ခုအချိန်မရှိတော့လို့ ။


NCL: အမရေ...ဒီနေ့မှသိရလို့ဗျ...Happy Birthday ပါနော်......မှတ်မိတယ်ဟုတ်......HHAL က ပုလဲဝင်း.....



ဖေဖေ နဲ့ မေမေ့ ……… သို့


လူဘ၀ကြီးကို ရောက်လာခွင့်ပေးခဲ့လို့ ဖေနဲ့ မေ့ကို ကျေးဇူးတင်ပါတယ် ။ ငယ်ငယ်တုန်းက မွေးနေ့ဆိုတာ ရောက်တိုင်းမှာ “ငါကြီးလာရင် ဘာလုပ်မယ်…. လုပ်ချင်တာတွေရော ဖြစ်ချင်တာတွေရော ဘာတွေဖြစ်ရဦးမယ် “ဆိုတဲ့ အတွေးနဲ့…. အသက် တစ်နှစ်ကြီးကြီးလာတာကို ရင်ခုံစွာနဲ့ ပျော်ရွှင်ခဲ့ရတယ် ။ .. တစ်ခုခုကို စိတ်တိုင်းမကျတိုင်းမှာလည်း လူဘ၀ကြီးက ဘာမှန်းလည်း သိဘူးကွာ .. သိပ်စိတ်ရှုပ်ဖို့ကောင်းတယ် ဖြစ်ချင်တာတွေ မဖြစ်ရဘူးဆိုပြီး လည်း ညည်းတွားဘူးတယ် ။ဘ၀ဆိုတာ ရသစုံမှဘဲ အနှစ်ကို သိရတယ်ဆို သလိုပေါ့နော် ။...........လျှောက်ရမဲ့ ဘ၀ခရီးလမ်း မပန်းရလေအောင် စေတနာပန်းခင်းပြီး မေတ္တာမီးအိမ်နဲ့ ဘ၀လှေခါးထစ်တွေကို ရဲရဲဝံ့ဝံ့တက်နိုင်အောင် အားပေးခဲ့သလို….. ကျန်းမာရေးမကောင်းလို့ဆို ပြီးလည်း အမြဲအရိပ်လို ဂရုစိုက်ပေးခဲ့တယ် ။ ……….. စိတ်မြန်ပြီး ဇွတ်လုပ်တတ်သလို ခေါင်းမာတတ်လို့လဲ ဘာလို့ ဆိုးရတာလဲ လို့ အမေက မကြာခဏ မေးတတ်တယ်လေ ။ …………….. ငယ်တုန်းကနေ ၁၀ တန်းအောင်တဲ့ မိုးကုတ်အိမ်မှာ နေခဲ့လို့ စိတ်ကောက်တိုင်းလဲ မေမေက သမီးအကြောင်းမသိပါဘူးလို့ ပြောတိုင်းလည်း စိတ်မကောင်းဖြစ်ရတယ် မလား ။ ………. လူဘ၀ထဲကို ရောက်ခဲ့လာတာ အခုဆို ၂၄ တောင်ပြည့်ပြီ ။ စဉ်းစားမိတာက သမီးဘာတွေလုပ်ခဲ့ပြီးပြီလဲ ………..ဘာတွေရော လုပ်ချင်သေးလဲ … လူဘ၀ကြီးမှာရော ဘယ်လောက်ရှိနိုင်ဦးမလဲ ။ သေသွားခဲ့ရင်ရော ဘာမလုပ်ခဲ့ရဘူးလို့ နောင်တရမိမလဲ….. အဲဒါတွေထဲမှာ ဖေနဲ့ မေအတွက်ရော သမီး အတွက်ပါ အကောင်းဆုံးတွေ ဖြစ်ချင်တယ်… ။ အဲလိုဘဲဖြစ်ရမယ်ဆိုတာကို မွေးနေ့လက်ဆောင်အနေနဲ့ သမီးက ပေးတယ်နော် ……… ကျန်းမာရေးကိုလည်း အမြဲဂရုစိုက်ပါမယ် ။ သမီး ပြောနိုင်တာထက်ကို အဖေနဲ့ အမေ့ ကိုပိုချစ်ပါတယ် ။………………….



<$BlogPageTitle$> <$BlogMetaData$>