Thursday, June 28, 2007

ဒီအချိန်ဆို …… လွမ်းတယ်

ကျွန်မနေခဲ့တဲ့ ဒေသမှာ ခြံဝင်းရှိတဲ့ အိမ်တိုင်းလိုလို မှာ အမြဲတွေ့နိုင်တာက ကျိုင်းတုံပန်းလို့ခေါ်တဲ့ အ၀ါရောင်ရော ၊ပန်းရောင်ရောပွင့်တဲ့ ပန်းပင်မျိုးရယ် ၊မုံညင်းပင်ရယ် ပြီးတော့ သစ်တောပင်ပါ ။ ……………….. အခုလို မိုးတွေရွာတဲ့ ကျောင်းဖွင့်ချိန် ၀ါတွင်းကာလက သစ်တော်သီးသီးတဲ့ ရာသီဆိုလည်း မမှားပါဘူး ။ ………….ကျွန်မရဲ့ မိုးကုတ်အိမ် ခြံထဲက တောင်းကုန်းလေးပေါ်မှာ သစ်တော်ပင်ကြီး တစ်ပင်ရှိပါတယ် ။ ………….. သူက ကျွန်မထက် အသက်လဲ ပိုကြီးတယ် ။ …………… ဒီလိုအချိန်ဆို သူ့မှာ သစ်တော်သီး သီးဖို့အတွက် အရင်ဆုံး သစ်တော်ပန်းတွေ ဝေအောင်ပွင့်ဖို့ရယ် ၊ သစ်တော်ရွက်နုလေး တွေထွက်ဖို့ အလုပ်တွေရှုပ်နေ ရတာပေါ့ ။ ……………. အဲလို အချိန်မျိုးမှာ မိုးလေးတစ်ချက် ဝှေ့လိုက်ရင် သူကငိုတတ်ပါတယ်လေ ။ ………. သူငိုရင် သစ်တော်ပန်းတွေ ဖွေးနေအောင် ကြွေတာပေါ့ ။ …………….. ကျွန်မ ငယ်ငယ်က ကျောင်းက ပြန်လာပြီဆိုရင် သူဆီအရင် ရောက်အောင်ပြေးတတ်ပါတယ် ။သူကို မိုးနဲ့ လေက ဘယ်လောက်များ အနိုင်ကျင့်ထားသလဲလို့ သိရအောင်ပါ ။ …………….. သူများများ ငိုထားရင် သစ်တော်သီးတွေ နည်းသွားမှာ ကြောက်လို့လေ ။ ……………. သူပျော်တဲ့ နှစ်ဆိုရင် သစ်တော်သီးတွေကို အကြီးကြီးတွေနဲ့ အများကြီးပေးတတ်ပါတယ် ။ ……………. ဒါတင်ဘယ်ကသေးမှာလဲ ။ ……………….. သူ့တစ်ကိုယ်လုံးမှာလည်း သစ်ခွပင်တွေက အမြစ်တွယ်ထားတာမို့ အဆင်အသွေး ရောင်စုံနဲ့ သစ်ခွပန်းတွေလည်း ပွင့်ပေးသေးတယ်လေ ။ ……………. ကျောင်းပိတ်ရက်မှာဆို ကျွန်မက သူရှိတဲ့ တောင်ကုန်းလေးပေါ်ကို မိုးရေတွေကြောင့် မြေတွေချောနေတဲ့ ကြားကနေ ၀ါးလုံးတန်ချူလေး ကိုင်ပြီး ကိုယ်ကိုကိုယ် တောင်တက်သမား ပုံစံအပြည့်နဲ့ သူဆီရောက်အောင် သွားတတ်ပါတယ် ။ ………………… သူရှိလို့ ကျွန်မက သစ်တော်သီးဆိုရင် ကိုင်တိုင်ခူးတဲ့ အလုံးက လွဲရင် ကျန်တာ မစားတတ်ခဲ့ဘူး ။ ……………….. မှတ်မှတ်ရရ …. တစ်နေ့မှာ ကျွန်မ သူ့ဆီရောက်တုန်း အကိုင်းတွေပေါ်က သစ်ခွပန်းတွေ လိုချင်စိတ်ပြင်းလာတာနဲ့ လူကြီးတွေ အလစ်မှာ အပင်ပေါ်ခိုးတတ်ခဲ့ပါတယ် ။ ………………… လမ်းတစ်ဝက်ရောကတော့် အောက်ကိုကြည့်ပြီး တော်တော်ကြောက်မိလိုက်တယ် ။ …………….. နဂိုကတည်းကနေ အမြင့်ကြောက်တတ်သူမို့လို့လေ ။ ………….. ရုတ်တရက်ဆိုတော့ ပန်းကိုဘဲ မဲနေမိတော့ ကြောက်တတ်တာ မေ့နေမိတယ် ။ …………. အဲဒီအချိန်မှာ ပုရွက်ဆိတ် နီနီတွေရော မဲမဲတွေရောက ကျွန်မ ခြေထောက်တွေ လက်တွေပေါ် တပ်ချီလာပါလေရော ။ …………. ကျွန်မမှာ ရုတိတရက်ဆိုတော့ ခြေရော လက်ရော မလွတ်ရဲဘဲ ကမ္ဘာပျက်တော့ မတတ် တစ်ယောက်တည်း အော်ငိုနေခဲ့ပါတယ် ။ …………… ဒါနဲ့ ဘေးအိမ်က အကိုနှစ်ယောက်က ကျွန်မကို ပွေ့ချီပြီး သစ်ပင်ပေါ်က ဆွဲချခဲ့ရတယ်လေ ။ …………. အခုဆိုရင် သစ်တော်ပင်ကြီးနဲ့ ဝေးနေရတာ ၇ နစ်တောင် နီးတော့မယ် ။ ……………. ဒိလိုရာသီကျတော့ ကျွန်မက ကျောင်းတွေနဲ့ မအားဘူးလေ ။ ကျွန်မရဲ့ ကြီးကြီး ကတော့ပြောပါတယ် ။ ………….. သမီးဘော်ဒါလေးက အခုဆို အသက်ကြီးလို့ အရင်လို အသီးတွေ မသီးနိုင်တော့ဘူးတဲ့ ။ သူ့ အသီးလေးတွေကိုတော့ နှစ်တိုင်းပို့ပေးပါတယ် ။ …………… အခုလည်း သူ့အသီးလေးတွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေတယ် ။ ………….. သင်္ခါရ ဆိုတာ ဒါပဲနေမှာဘဲ လို့လေ ။ …………. အခု ကျွန်မနေတဲ့ မန္တလေးအိမ်ဝင်းထဲမှာ မန်းကျည်းပင်ကြီးတွေ ၇ ပင်တောင်ရှိတယ် ဆိုပေမယ့် ကျွန်မရဲ့ သစ်တော်ပင်လေးလောက်တော့ မခင်တွယ်မိပါဘူး ။ …………… ဒါကြောင့်မို့ လူဆိုတာ အသစ်ဘယ်လောက်ရှိရှိ အဟောင်းတလည်လည်ဆို သလိုဘဲ ငယ်က ချစ်ရတဲ့ အရာဆို အပင်က အစ ခင်တွယ်တတ်တာဘဲလို့ ။ ………………

No comments:

<$BlogPageTitle$> <$BlogMetaData$>