Wednesday, June 13, 2007

ပန်းပန်လျက်ပဲ


ကျွန်မက ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို အလွန်နှစ်သက်တယ် ။ ကျွန်မတို့လျှောက်လမ်းရတဲ့ ဘ၀ခရီးစဉ်တွေကို ဗေဒါရဲ့ခရီးလမ်းနဲ့ ပုံဖော်ထားလို့ တကယ်ကို အနှစ်သာရ ရှိပြီး အမြဲအသက်ဝင်နေလို့ပါ ။ ဗေဒါရဲ့ ခရီးစဉ်မှာ လှပတဲ့ သဘောသဘာဝ နဲ့ ကြုံဆုံလျှင်လည်း ငြိမ်းချမ်းမွေ့လျော်နိုင် သလို ခက်ထန်ကြမ်းတမ်းတဲ့သဘောသဘာဝနဲ့ တွေ့ကြုံခဲ့ပါကလည်း တည်ငြိမ်စွာ ရင်ဆိုင်နိုင်တယ်လေ ။ဗေဒါရဲ့ အသွင်က ယဉ်ပြီး ပန်းပွင့်တွေကလည်း နုညံ့တယ်။ဒါပေမဲ့ ဗေဒါဆိုတာ အရမ်း “မာ” တယ်လေ။ လောကကြီးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေအတွက် အပြုံးမပျက် အံခဲပြီး ပန်းပန်လျက်ဆိုတဲ့ ဗေဒါရဲ့ သဘောဟန်ပန်တွေကို ကျွန်မ အမြဲအတုယူချင် သလို နှလုံးသားထဲမှာလည်း စွဲမြဲနေချင်ပါတယ် ။

ညိုပြာပြာ လတာပြင့်ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊လှိုင်းသက်ရာ ဗေဒါဆင်း

ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော မျောစုန်လို့လာ
အဆင်းနဲ့ အလာ ၊ဗေဒါမအထွေး ။
အုန်းလက်ကြွေ သူ့နဘေး စောင့်ခဲ့ရသေး ။

စောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ ၊မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ။

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ ၊ဗေဒါကတစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ ။


ဇော်ဂျီ(၁၉၆၀)


No comments:

<$BlogPageTitle$> <$BlogMetaData$>