Wednesday, June 6, 2007

အဓိပါယ်ရှိသော စေတနာ


ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ကိုယ်စုမိတဲ့ ပိုက်ဆံနဲ့ ဘယ်မှာအလှူလုပ်မယ် ၊ ဘာလှူမယ်ဆိုပြီး အလှူအတန်းတွေမှာ ဗုဒဓ ဘာသာပီပီ ရယ်ရောတတ်ကြပါတယ် ။ …… တစ်နေ့က အလှူတစ်ခု ဖိတ်လို့ ကျွန်မသွားခဲ့တယ် ။ … လူကုန်ထံ အသိုင်းအ၀ိုင်းက မို့လို့ ဧည့်သည် အတော်များများးလည်း ဖိတ်ပါတယ် ။ အလှူရှင်တွေကလည်း ရှိုးစမိုး အပြည့်နဲ့ပေါ့ ။ ………… အဲဒီ ဘုန်းကြီးကျောင်းဝင်းရဲ့ အပြင်ဘက်မှာလည်း တောင်းတွေသူတွေလည်း ရောက်နေကြတယ် ။ ……. သူတို့ကလည်း မျှော်တလင့်လင့်နဲ့ပေါ့ ။ ဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာကြတယ် ။ မုန့်တွေလည်း အများကြီးကျွေးပါတယ် ။ ………….. ဒါပေမဲ့ VIP နေရာထားတဲ့ စားပွဲက မုန့်ကတော့ တခြားဧည့်သည်စားပွဲတွေထက် စားစရာ ပိုများပါတယ် ။ ကျွန်မလည်း အဲဒီမှာထိုင်နေရင်း အများကြီးတွေးနေမိတယ် ။လှူတယ်ဆိုတာ ဂုဏ်ပကာသန အတွက် ရှေ့တန်းတင်စရာလား ။ ………….. ဘယ်လို အဓိပါယ်မျိုးအတွက်လဲ ပေါ့ ။ စားနိုင်တဲ့ သူတွေကျတော့ ကျွေးချင်ကြတယ် ။တကယ်လိုအပ်နေပါတယ် ဆိုတဲ့ လူတွေအတွက် ကိုတော့ အရေးမလုပ်ကြပါဘူး ။ ……… ပြောရင်တော့ ဘယ်နေရာမှာ သိန်းဘယ်နှစ်ရာဖိုး ဘာတွေကို လှူတယ် ။ ………. အရမ်းကို လှူတန်းတာ ၀ါသနာပါပုံပါဘဲ ။ ဒါပေမဲ့ ကျွန်မကတော့ အရမ်းလှူတန်းပါတယ်ဆိုတဲ့ လူတစ်ယောက်ဆီက လှူတန်းခြင်းရဲ့ အဓိပါယ်ဆိုတာကို အရမ်းမေးချင်နေခဲ့ မိပါတယ် ။ ………… ဖြစ်နိုင်ရင် တတ်နိုင်ရင် ကျွန်မကလည်း ဗုဒဓ ဘာသာ မြန်မာပီပီ အများကြီး လှူတန်းနိုင်ချင်တာပေါ့ ။ ……

ကျွန်မအယူအဆ အရဆိုရင်တော့ အဲလိုကြီးကြီးမားမား လှူမှ အလှူဆိုတာ မဟုတ်ပါဘူး ။ ……… ကျွန်မတို့ တတ်နိုင်တာလေးနဲ့ လိုအပ်နေတဲ့ နေရာမျိုးတွေအတွက် အကြောင်းတိုက်ဆိုင်တိုင်း လှူလို့ရပါတယ် ။ ….. ကျွန်မ အပြင်သွားရင် လမ်းမှာ တောင်းရမ်းနေတဲ့ ဒုက္ခိတတွေ သက်ကြီးရွယ်အိုတွေ မြင်ရင်လည်း ၅၀ ၊ ၁၀၀ ကျပ်လောက်တော့ ပေးလိုက်ပါတယ် ။ ………….. တကယ်တမ်း ဒီပိုက်ဆံလေးက ကျွန်မတို့ အတွက် ဘာမှမဖြစ်လောက်ဘူး ။ မဟုတ်တောင် ကိုယ်သုံးနေတာနဲ့ တွက်ကြည့်လိုက်ရင် အများကြီးလည်း ကွာပါတယ် ။ …………. ပြီးတော့ ဆိုင်တွေက ၁၀ ၊၂၀ ကျပ်ဆိုရင် မအမ်းချင်ကြပါဘူး ။ ချိုချဉ်ပေးပါတယ် ။ အဲလိုဆိုရင် ကျွန်မက တတ်နိုင်သလောက် ပိုက်ဆံအမ်းပေးဖို့ ပြောဖြစ်ပါတယ် ။ …………… တောင်းနေတဲ့ ကလေးတွေနဲ့ကြုံရင် ပေးရအောင်ပါ ။ စဉ်းစားကြည့်ပါ ။ ကျောင်းနေရမဲ့ အရွယ်မှာ ကျောင်းနဲ့ဝေးရတဲ့ ဘ၀တွေကို ဖြတ်သန်းနေရလို့ ကလေးအရွယ်တွေကို ကရုဏာသက်မိလို့ ချစ်ခင်စိတ်နဲ့ ပေးတာပါ ။ ………. ကျွန်မတို့လို ပေးတတ်တဲ့ လူတွေပေါင်းမိရင်တော့ သူတို့အတွက် တစ်ခုခုတော့ စားလို့ရမှာပါ ။ဘာတန်ဖိုးမှတော့ မရှိပါဘူး ။အဲလိုလေးတွေပေါ့ ။ …… တခါတလေ ကျွန်မတို့ အတွက် အရမ်းသေးတဲ့ ကိစ္စလေးဟာ သူများအတွက်တော့ အကြီးမားဆုံးဖြစ်နေတတ်ပါတယ် ။ ……. အလှူကြီးကြီး လုပ်နိုင်မှ လှူတယ်လို့ မခံယူစေချင်ပါဘူး ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်သလောက် စေတနာဆိုတဲ့ စိတ်လေးနဲ့ ကိစ္စသေးသေးလေးတွေကို လုပ်လိုက်တာကလည်း ဖြူစင်တဲ့ စိတ်ကြောင့် ကုသိုလ်ရပါတယ် ။ ………. ဘာဘဲ လုပ်လုပ်ပေါ့နော် … အဲဒီအလုပ်ထဲက အဓိပါယ်ဆိုတဲ့ အရာလေးကိုတော့ ရှာဖွေတတ်စေချင်ပါတယ် ။ ………….

( ဒါကတော့ အလှူတစ်ခုသွားရင်း ကျွန်မ ခံစားမိတာလေးတွေကို ရေးလိုက်တာပါ ။)


3 comments:

ah nai said...

ကောင်းပ့..
ဝုတ်ပါ့..

ဆက်လုပ်.. မှန်တယ်လို.. တွေးမိတာပဲ။

ဒီလိုစိတ်လေးရှိရင်.. နင့်ကို နရဲပြည်ပို့ တောဘူး

နတ်ဆိုး

Kay said...

ဂူဂူးရေ..အမလည်းပြန်လာလည်ရင်း..ဒီပို့စ်လေးကိုကြိုက်သွားတယ်..တို့တွေလည်းဒီလိုပဲမြင်တယ်..ခက်တာက..ဗမာပြည်မှာက..ဘာကြောင့်..ဂုဏ်ပကာသန
တွေက..ရှေ့ဆုံးကိုရောက်နေသလဲဆိုတာ..နားမလည်နိုင်အောင်ပဲ..အရေးကြီးတာက..မှန်ကန်တဲ့အယူအဆလေးတွေ..တတ်နိုင်သမျှ..ဖြန့်ဝေသွားနိုင်မယ်ဆိုရင်..ညီမတို့အမတို့..စိတ်သက်သာကောင်းသက်သာနိုင်၇ဲ့နော်..တွေ့ရတာလည်းဝမ်းသာပါတယ်..

Ye-Mon said...

သာဓုခေါ်ပါတယ်။ ပကာသန လွှမ်းသော အလှူများ မှသည် အဓိပါယ်ရှိသော အလှူများသို့

<$BlogPageTitle$> <$BlogMetaData$>