Wednesday, May 16, 2007

မပြီးနိုင်သေးတဲ့ ကျောင်းသူဘဝ

ဘာလိုလိုနဲ့ တက္ကသိုလ်ကျောင်းသူ လုပ်လာတာ ၆ နှစ်နီးပါးရှိနေပါပြီ ။ ကျောင်းပိတ်ရက်တွေရော အပါအ၀င်ပေါ့။ ..... ပထမနှစ် ၊ ဒုတိယနှစ် ၊တတိယနှစ် ရယ် အဲဒါပြီးတော့ ဂုဏ်ထူးတန်းတစ်နှစ် ၊ မဟာတန်းတစ်နှစ်ရယ်ပေါ့ ။ ...... အခုကတော့ thesis ကျောင်းသူ လုပ်နေရဆဲလေ ။ coursework ကျောင်းသူ လုပ်ရတုန်းကတော့ exam ကို စာကျက် စာတွက် .... ဒီလိုနဲ့ဖြေပြီးအောင်ခဲ့တယ် ။ ဘွဲ့ယူရတုန်းကလည်း ဒီလိုဘာဘဲဆိုပြီးလေ သိပ်ကြီး Feeling တော့မရှိခဲ့မိပါဘူး ။ .... thesis လုပ်တော့မှဘဲ ကျောင်းမှာသင်ခဲ့တဲ့ စာတွေရဲ့သဘောကို ပိုနားလည်မိပါတယ် ။ ... ကိုယ်လုပ်မဲ့ theory ကိုလည်း ပိုင်နိုင် အောင် လေ့လာရတယ် ။ ..... Software အတွက် data ကိုလည်း ခေါင်းမူးအောင် ရှာရဖွေရတုန်းလေ ။ ကိုယ်ကိုကိုယ်လည်း “ငါ data တွေကို ရအောင်ရှာနိုင် မှာပါ “ လို့လည်း မကြာခဏအားပေးနေရပါတယ် ။ ကျောင်းကိုလည်း မကြာခဏအမြဲသွားပြီး supervisor ဆရာမကို ကိုယ်ဖတ်နေတဲ့စာနဲ့ data ရဲ့ အခြေအနေ ကိုလည်း တိုင်ပင်ရတာပေါ့နော် ။ ....... seminar လုပ်တော့လည်း ကြောက်နေတဲ့ စိတ်ကို တင်းထား ရသေးတယ် ။ သူငယ်ချင်းတွေ အားလုံးကလည်းပြောနေကြတယ် ။ ..... ဒီတခါဘွဲ့ယူ ရရင်တော့ ငါတို့အတွက်တော့ တကယ်မှတ်တိုင် တစ်ခုပါဘဲတဲ့ ။ thesis ခေါင်းစဉ် နဲ့ theory ရဖို့ရယ် တင်ပြနိုင်ဖို့ကို ကျွန်မတို့တွေ ကြိုးစားခဲ့ရလို့ပါ ။ အဆင်မပြေနေတဲ့ သူငယ်ချင်းတွေကိုလည်း စိတ်ဓါတ် မကျအောင် အတူတူစာဖတ်ပြီး စဉ်းစားပေးကြရတယ် ။ သြော် .. အခုမှဘဲမဟာဘွဲ့ဆိုတာနဲ့ တန်နိုင်ဖို့ ကိုယ်ကိုကိုယ်ပိုပြီး သဘော ပေါက်ရပါတော့တယ် ။

(တအုံ (UCSM) က first batch မဟာ(ကျမ်းပြု)တန်း ကျောင်းသူများသို့ )

4 comments:

ahmeisoekyi said...

UCSM ကလား တွေ့ရသာဝမ်းသာပါတယ်..ဟီး ahmei လဲ UCSM ကပဲ..Hons: ထိတော့ ဒဟတ်တောမှာ တက်ခဲ့သေးတယ်..ကျောင်းတက်တုန်းက ကျောင်းကိုစာမေးပွဲနီးမှပဲသွားတော့ ကျောင်းတော်ကြီးနဲ့ပတ်သက်ပြီး ထူးထူးခြားခံစားချက်မရှိပေမဲ့..ခုအဝေးရောက်မှ..UCSM ကဆိုရင်အလိုလိုခင်နေမိတယ်...အဲ့ သူငယ်ချင်းတွေကိုတောင် သတိရလာပြီဟ..:)

simon said...

mnyi ma lay ka sar yay da ayan kaung dae da ka so saryay sayama lote ya mar naw :)
blog ko arpay nay mae naw

simon said...

hey blog yay pi thesis ma pi bae nay me naw :P

Gue said...

ဟုတ်လား တွေ့ရတာဝမ်းသာပါတယ်နော် ။ခင်လို့ရပါတယ် ။ :)

<$BlogPageTitle$> <$BlogMetaData$>