Thursday, May 31, 2007

လရောင်ဆမ်းလို့ လန်းစေသော် .....


မနေ့က နေ့ခင်းဘက်တော့ အရမ်းပူတယ် ။ ....... ညပိုင်း ၇နာရီခွဲလောက် ကျွန်မ သင်တန်းဆင်းလို့ MICT ပေါ်က ဆင်းလာတော့ အပြင်ကိုကြည့်လိုက်မိတယ် ။ လကလည်း ထွက်ချင်နေတာ ပြူတစ်တစ်နဲ့ ........ လေကလည်း ထန်ချင်လာတယ် ။ ရုတ်တရက်တော့ ဆိုင်ကယ်စီးပြီး ပြန်ရမှာ စိတ်ပူသွားတယ် ။ မိုးရွာချင်လို့လားဆိုပြီးလေ ။ .......ဒါနဲ့ ခပ်သွက်သွက်ဘဲ အိမ်ပြန်လာခဲ့တယ် ။ထမင်းစား ခဏနား ၊ညီမလေးနဲ့ စကားပြောပြီး စာဖတ်မယ်ဆို.... အခန်းထဲ ၀င်လိုက်ရော ကျွန်မရဲ့ကုတင်ပေါ်မှာ လရောင်က တော်တော်လေး ရောက်နေပါပြီ ။ဒါနဲ့ နယုန်လပြည့်နေ့ ဆိုတာ သတိရသွားတယ် ။ ........... ဒီလိုနဲ့ စိတ်လွတ်ကိုယ်လွတ် တိမ်ဖုံးလိုက် ပြန်ပေါ်လိုက် ဖြစ်နေတဲ့ လမင်းကြီးနဲ့ မှိတ်တုတ် မှိတ်တုတ်ကြယ်လေးတွေ ကိုထိုင်ကြည့်နေမိတော့တယ် ။ ကျွန်မ ငယ်ငယ်ကဆိုလည်း လူကြီးတွေကို စိတ်ကောက်ရင် ....... စာကြည့်စားပွဲထိုင်ပြီး...... အပြင်ကိုငေးပြီး ကြယ်တွေထိုင်ကြည့်နေတတ်တယ် ။ ကြယ်ကြွေတာမြင်ရင် လည်းဆုတောင်းလိုက်ရတာ မောလို့လေ။ .............. ... မိန်ကလေးဆိုတာလည်း ဓါတ်သဘာဝအရ လရောင်လှုံပေးရတယ်လည်း ကြားဖူးတယ် ။ ရင်ထဲမှာ မွန်းကျပ်သမျှကို လမင်းရဲ့ အေးမြမှုက စိတ်ကို အေးချမ်းစေတယ် ။ ..... .........ကလေးတုန်းကတော့ လူကြီးမြန်မြန် ဖြစ်ချင်ပေမဲ့ အခုကျတော့လည်း အပူအပင် ကင်းတဲ့ ကလေး လေး ဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ် ဆိုသလိုပေါ့ ။ ...တချိန်ကျရင်လည်း ကျွန်မက ရည်ရွယ်ချက တွေကြောင့် တာဝန်ကျတဲ့ နယ်မှာ ပီတိစားသူ လုပ်ရပါမယ် ။ ......... .. အားလုံးနဲ့ ဝေးနေရမဲ့ အဲလိုအချိန်မျိုးမှာ ရင်ထဲက တင်းကျပ်မှုတွေကို ဖြေသိမ့်နိုင်မဲ့ အချိန်လေးတစ်ခုတော့ ရှိနေပါ သေး တယ်လို့လေ ။........... ကျွန်မလည်း လမင်းကြီးကို ငေးပြီး အတွေးတွေလည်း အတော်စုံသွားးပါတယ်။ ........... ဒီလိုနဲ့ ဘယ်လိုအိပ်ပျော် သွားမှန်းမသိလည်း မသိတော့ပါဘူး ။ ။ညဘက်မှာ ကြယ်လေးကို ငေးရတာလည်း စိတ်ကို အများကြီး လွတ်လပ် ပေါ့ပါးစေတယ်နော်။ .......အဖော်မရှိတဲ့သူတွေ အတွက်လည်း ပြောချင်ရာပြောလို့ရတာပေါ့။ .......... သဘာဝကြီးရဲ့ အနွေးထွေးဆုံး လက်ဆောင်အတွက် ကျေးဇူး အများကြီး တင်ရပါတယ်ရှင် ။ စိတ်ညစ်ရတဲ့ အချိန်မှာဆို လရောင်က နွမ်းသမျှကို လန်းစေပြီး ကြယ်လေးတွေကလည်း အဖော်ရတဲ့ အတွက်ပါ ။ .......

Wednesday, May 30, 2007

အဝေးရောက် သူငယ်ချင်းသို့ .............


သူငယ်ချင်းရေ .... လူသန်းပေါင်းများစွာထဲမှာ ရေစက်ဆုံလို့ နင်နဲ့ငါ သူငယ်ချင်း တော်ခဲ့တယ် ။ .......... တို့တတွေဟာ အချိန်ကာလ တစ်ခုကိုလည်း အတူတူ ဖြတ်ကျော်ခဲ့ကြတယ် ။ ..... ငါမှတ်မိပါသေးတယ် ။ ....... ၁၀ တန်းဖြေပြီးကာစက အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ နင်နဲ့ တစ်ခုံတည်းထိုင်ခဲ့ဘူးတယ် ။ .... အဲဒီတုန်းက ငါက နယ်ကလာကာစဆိုတော့ သူငယ်ချင်းကလည်း မရှိသေးဘူး ။ ......နင်ကလည်း ဖာတိဖာသာနဲ့ဆိုတော့ တို့တွေမရင်းနှီးကြပါဘူး ။ .......... တက္ကသိုလ်တက်ရတော့ ပထမနှစ်မှာကတည်းက နင်နဲ့က တစ်ဖွဲ့တည်းအတူတူ နေဖြစ်ကြတယ် ။ ကျူရှင်မှာလည်း အတူတူ ကျောင်းမှာရောဘဲ လုပ်ချင်တာတွေ လုပ်ပြီး ပျော်ခဲ့ကြပါတယ် ။ .......... လွန်ခဲ့တဲ့ နင်ရဲ့ မွေးနေ့တစ်ခုမှာဆို ....... သည်းထိတ်ရင်ဖို လုပ်ပြီး သူများကို စခဲ့ကြတယ်နော် ။ငါက အရမ်းကြောက်တတ်ပြီး နင်က ငါတို့တွေကို ရင်တုန်အောင်လုပ်ခဲ့တာ ကိုလည်း မမေ့ပါဘူးဟာ။ ................. နင်ငိုရတဲ့ အချိန် တွေမှာလည်း နင်မေးချင်သမျှ ငါကဘဲ ဒိုင်ခံဖြေနိုင်တဲ့သူမို့လို့ နင်ငါကို ခင်တွယ်မှန်း သိပါတယ်နော် ။........ တို့တွေဟာ ရန်ဖြစ်လိုက်ကြ ပြန်ချစ်လိုက်ကြနဲ့ ၅နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုဟာ ကုန်မှန်း မသိကုန်ခဲ့တယ် ။........... ငါကတော့ ငါရည်ရွယ်ချက်နဲ့ငါ ကျောင်းပျော်ကြီး လုပ်နေရတုန်းလေ ။ နင်ကလည်း နင်အိမ်မက်တွေအတွက် ငါတို့နဲ့ ခွဲပြီး တခြားနိုင်ငံ တစ်ခုကို ထွက်သွားခဲ့ရတယ် ။ ............. ဟိုမှာ နင်တက်ရတဲ့ ကျောင်းကြီးကို ကြည့်ပြီး တို့တွေကို လွမ်းနေမှာ ဘဲနော် ။ ......... တစ်နေ့မှာတောင် ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းမျိုးနဲ့ တောင်ခွဲကြရဦးမှာဘဲ ။ သူများနိုင်ငံ ကို ပညာသင်သွာားလို့ နင့်အိမ်မက်တွေ အတွက် ခွဲကြရတာက ၀မ်းနည်းစရာမှ မဟုတ်တာ ။................. ပြီးတော့ နင်က အရမ်းတော်တယ်သိလား ။ ........ အချစ်ဆိုတဲ့ အရာကို ဘယ်လောက်ကြီးဘဲ ခံစားရ ခံစားရ ဘ၀အတွက် ပြတ်ပြတ်သားသား စွန့်လွှတ်နိုင်ခဲ့လို့ပါ ။ ............ မိဘဆိုတာကို အမြဲဦးစားပေး တတ်ခဲ့လို့ နင်လျှောက်တဲ့ ဘ၀ခရီးလမ်းဟာ သာယာဖြောင့်ဖြူးမှာ သေချာပါတယ် ။ ........ ငါတို့တွေဟာ ရည်မှန်းချက် အသီးသီးနဲ့ မတူညီတဲ့လမ်းတွေ ကိုယ်စီ လှမ်းကြရင်း အရင်လို ပြန်ဆုံနိုင်မဲ့နေ့ကို ရင်ခုန်စွာနဲ့ အတူတူမျှော်နေကြပါတယ် ။ နင်အတွက်လည်း ဆုတောင်းပေးပါတယ် ။ ....... " ကြုံလာရမယ့် ဘ၀တိုက်ပွဲ တစ်ရာမှာ အောင်ပွဲတစ်ရာနဲ့ ပြုံးပန်းတစ်ရာ အမြဲပွင့်နိုင်ပါစေ " လို့ .....

နင့်သူငယ်ချင်း

ရွှေပုံ့

Monday, May 28, 2007

တွေးမိရာရာ……


ကျွန်မမှာ ငယ်ငယ်ကတည်းကနေပါလာတဲ့ မကောင်းတဲ့ အကျင့်တစ်ခုရှိပါတယ် ။ အဲဒါကတော့ worry များတတ်တာပါဘဲ။ ..... တခုခုဆိုတွေးပြီး ပူနေတတ်တယ် ၊ စိုးရိမ်နေတတ်တယ် ။ ကျွန်မတစ်ခုခု လိုချင်ပြီ ဆိုလည်း အဲဒါကြီးဘဲ စိတ်ထဲ ၀င်နေတော့တာဘဲ ။.... တော်ရုံတန်ရုံတော့ ကျွန်မက ဘာမှတော့ သိပ်မက်မက်မောမော မရှိတတ်ပါဘူး ။ ...... ကောင်းတာလေးတစ်ခုကတော့ တာဝန်တစ်ခုကဆို ကျေအောင်တော့လုပ်တတ်တယ် ။အဲဒါကလည်း ကျွန်မ လူညံ့ဖြစ်မှာ စိုးရိမ်လို့ပါ ။ပြီးတော့လည်း ကျွန်မကို သူများနဲ့နှိုင်းယှဉ်ပြီး ပြောရင်ဘယ်လိုမုန်းလို့မုန်းတတ်မှန်း မသိပါဘူး။ ...... ငယ်ငယ်က အတန်းထဲမှာ အဆင့်(၁) မရရင် ကျွန်မရဲ့ ဆရာမက ပြောပြီ။အဲဒီကတည်းက ဘာဆိုရင် မဖြစ်မနေရအောင်ယူရမယ် ဆိုတာကြီးက စိတ်ထဲဝင်ခဲ့တာ ။လူညံဖြစ်မှာ စိုးတာရယ် ၊ အနှိုင်းယှဉ်ခံရမှာ ကြောက်မိလို့ပါ ။ state ကျောင်းသူဘ၀က ကစားရင်တောင် စိတ်လွတ်ကိုယ်လွတ် မကစားနိုင်ဘူး ၊နောက်ဆံအမြဲတင်းတတ်လို့ ။....နဲနဲလေးကြီးလာတော့ သူငယ်ချင်း ယောကျာ်းလေး တွေက ....... ကောင်မလေးတွေ နောက်လိုက်ကြပြီဆိုရင် ကျွန်မက ငါသာ နင်တို့ နေရာဆိုရင် ဟိုကပြန်ကြိုက်မှန်းမသိ မကြိုက်မှန်းမသိနဲ့ ကိုယ်ကစပြီး တကယ်ကြီး သွားကြိုက်နေရင် ရှုံးတော့မှာ ဘဲဆိုပြီး သူများအတွက်ပါ တွေးပြီးပူနေတယ် ။ ........... အဲဒီတုန်းကတော့ သူငယ်ချင်းတွေက နင်ကအရမ်း စိတ်မာတတ်မှာဘဲ ပြောရင် အရမ်းသဘောကျပေါ့ ။ .......... ကိုယ်ကိုကိုယ်လည်း ငါက အဲလိုဆိုပြီး …… တကယ်တမ်း ကြီးလာတော့မှဘဲ အတွေ့အကြုံဆိုတာတွေရှိလာတော့ .. ကိုယ်အကြောင်းကို ကိုယ်ပိုသိရတာပါ ။ ........ ငယ်ငယ်က ထင်ခဲ့တာတွေနဲ့ တခြားစီဆိုတာလေ။ ပြီးတော့ ကျွန်မက ဇွတ်လုပ်တတ်တယ် ။စိတ်ထဲက ပေါ်လာပြီဆိုတာနဲ့ ချက်ချင်းလုပ်ပြီးသား ။ဆုံးဖြတ်ချက် မြန်တာပေါ့နော် ။ . ........ ဒီလို အကျင့်တွေကလည်း တခါတရံ ကိုယ်ကိုကိုယ် အရမ်း ဒုက္ခ ရောက်စေတာဘဲ ။ အခုဆိုရင် ဘာလိုလိုနဲ့ လူ့ဘ၀ကြီးကို ဖြတ်သန်းလာခဲ့တာလည်း ၂၄ နှစ်တောင် ပြည့်ခါနီးနေပါပြီ ။ ...... ကိုယ်ကိုကိုယ်လည်း နားလည်သင့်သလောက်တော့ နားလည်တတ်လာပြီပေါ့ ။ .......... ဘ၀ကိုလည်း အဓိပါယ်ရှိအောင်လည်း နေချင်တယ် ။ ................ အမြဲစိုးရိမ်ပြီး တွေးပူနေတတ်တဲ့ ကောင်မလေး လဲမလုပ်ချင်တော့ဘူး။............. လူကြီးလိုလဲ အဲမြဲတွေးတတ်ချင်ပြီ ။ ကြိုးစားရအုံးမှာပေါ့နော် ။ ဘ၀ဆိုတာ တိုက်ပွဲလို့ဆိုရင် ကျွန်မက အခုချိန်ထိ မြားချွန်လို့ကို မပြီးသေးပါဘူး။ ............ အချိန်ဆိုတဲ့ ရထားကြီး ကလည်း တရွေ့ရွေ့တော့ ခုတ်မောင်းနေတာဘဲ ။ လိုရာမရောက်သေးဘဲနဲ့တော့ ကျွန်မက ဘယ်ဘူတာ မှာမှ ဆင်းကျန်မနေချင်ခဲ့ဘူးလေ။

Wednesday, May 23, 2007

မန္တလေးရဲ့ မိုး ……..


အခုတလော မန္တလေးရဲ့ ရာသီဥတုက နေမပွင့်ဘူး။ ....... တချိန်လုံး မိုးတွေအုံ့ပြီး မိုးရွာနေတယ် ။ ...... လေကလည်း တအေးအေးနဲ့ပေါ့။........ မိုးရွာတာက အပြင်သွားဖို့နဲ့ အလုပ်လုပ်ဖို့ အတွက်ကတော့ အဆင်မပြေလှပါဘူး ။ အိမ်ရှင်မတွေ အတွက်ဆိုလည်း အ၀တ်လျှော်လို့ကမရ …...... နေမထွက်တော့ အ၀တ်က မခြောက် ... အင်္ကျီတွေက ရေစော်တွေနံ......... စိတ်ညစ်စရာ အတော်ကောင်းတာပေါ့ ။ .. ကျွန်မကတော့ ငယ်ကတည်းက မိုးတောထဲမှာ ကြီးပြင်း လာရသူဆိုတော့ မိုးကိုနှစ်သက်တယ် ။ ...... ကျွန်မ ငယ်ငယ်က မိဘနဲ့ မနေခဲ့ဘူး။ မိုးကုတ်က အဖွားနဲ့ မိုးကုတ်မှာနေပြီး မိုးကုတ်သူလုပ်ခဲ့တာလေ။ ...... တက္ကသိုလ်ကျောင်းသူ လုပ်ရတော့မှ မန္တလေးသူပြန်ဖြစ်လာတာ ။ အရမ်းမိုးရွာတဲ့ ဒေသမှာ ကြီးပြင်းခဲ့တော့ မိုးဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာတွေ အများကြီးနဲ့ပါ ။ .... ညအိပ်ရာဝင်ချိန်မှာဆို မိုးပေါက်ကျပြီး လေပြင်းတိုက်သံတွေက ကျွန်မအတွက် မရိုးနိုင်တဲ့ ဂီတသံစဉ်တွေလိုပါဘဲ။ ..... မြေအနီရောင်ကြောင့် ရေတွေနီနေတဲ့ ရေနီချောင်းကြီးကိုလည်း လွမ်းနေမိတယ်။(ဒီအချိန်ဆို ရေစီးအရမ်း သန်နေရောပေါ့ ။) ..... မိုးရွာတဲ့ အချိန်ဆို ..... မှိုင်းညို့ညို့ တောင်တန်းးကြီးတွေ ကိုကြည့်ပြီး ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိရတဲ့ ခံစားချက်တစ်မျိုးကိုလည်း အမှတ်ရမိပါတယ် ။ .......... မန္တလေးသူတွေ အတွက်တော့ မိုးစွေတာက အတော် စိတ်ပျက်ဖို့ ကောင်းချင်နေမယ်လေ။ ......... ဒါပေမယ့်ကျွန်မအတွက်ကတော့ ...... စိတ်ညစ်မိဖို့ နေနေတာတာ မိုးကိုကြည့်ပြီး ကိုယ်အတွေးနဲ့ကိုယ် သဘောကျနေမိပါတယ် ။ .....

Sunday, May 20, 2007

What is life?


So many peoples say"life begins with crying and ends with crying."

At that time.whlie I was born and then I am crying.They are all smiling.

After getting old and I was dead cause of suffering from many
desease and illness.
Thus they all cried.At that moment I need to smile.

Friday, May 18, 2007

နှမြောတတ်ခဲ့မိသော လက်ဆောင်တစ်ခု


ကျွန်မရဲ့ နဂိုပုံစံ အရဆိုရင်တော့ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းပြောတတ်တယ် ။ ဟန်လည်း မဆောင်တတ်ဘူး ၊ ကျွန်မနဲ့ ရင်းနှီးတဲ့လူတွေကတော့ ကျွန်မကို နားလည်လို့ ရတာပေါ့နော် ။ ...... နားငြီးအောင်လည်း စကားပြောတတ်လို့လေ ။ ......... စိတ်ထဲမှာ သိပ်မကြည်တဲ့ အခါဆိုရင်လည်း အဲဒီတစ်ယောက်ကို စိတ်ကောက်ချင်ပြီး ဘာမှမပြောတော့ဘူး ဟန်မဆောင် တတ်တာ ၊မျက်နှာကြီးက ပေါ်လွင်နေတာဘဲ ။....... ကျောင်းတုန်းကဆိုရင်တော့ သူငယ်ချင်းတွေနဲ့ စိတ်ကောက်လိုက်ကြ ၊ ပြန်ချစ်လိုက်ကြ နဲ့လုပ်လို့ရတာပေါ့ ။ တကယ်တမ်း အပြင်လောကကို ထွက်ကြည့်ရင်တော့ အဲလိုပုံစံနဲ့ဆို အဆင်မပြေတာ တွေ အများကြီးကြုံခဲ့ရပါတယ် ။.......... ကျွန်မက ကိုယ်နဲ့သိပ်မသိတဲ့လူတွေဆိုရင် ဖာတိဖာတာဘဲ နေတာ များတယ် ။.... လုပ်ငန်းသဘာဝ အရဆိုရင်တော့ တချို့ဆိုရင် ကိုယ်ရဲ့ Senior ဆိုလည်း respect ပေးရမှန်း သိပ်နားမလည်တာလည်းရှိတာပေါ့ ။ ကောင်းတာရော ဆိုးတာရော ဟုတ်တာရော မဟုတ်တာရော ပြောတတ်တာတွေလည်း ကြုံရတာပေါ့နော် ။ .... အဲလိုတွေကြားရတဲ့အခါ ကျွန်မမှာ စိတ်ဆိုးဖို့ဆိုတာထက် ကိုယ်ကို ကိုယ် ဘဲပြန်ကြည့်မိတော့တယ် ။ လောကကြီးမှာ Social အသိုင်းအ၀ိုင်း တစ်ခုရှိလာပြီဆိုရင် ကိုယ်နေတတ်သလို တွေ နေချင်သလိုတွေ လုပ်နေလို့ အဆင်မပြေဘူးပေါ့နော် ။ ဆက်ဆံရေးကလည်း warmly ဖြစ်နေ ဖို့လိုတယ် ။ ..... အရင်က ကျွန်မက ဘာမှမခက်ခဲ့တဲ့ နွေးထွေးတဲ့ လက်ဆောင်တစ်ခုအတွက်နှမြော နေခဲ့မိ တယ်။ ကျွန်မနဲ့ ပတ်သတ်ရတဲ့ လူတိုင်းကို ရင်ထဲကပါတဲ့ လှိုက်လှဲတဲ့ အပြုံးတစ်ခုသာ အမြဲ ပေးတတ်မယ်ဆိုရင် … ဆိုပြီး စဉ်းစားမိပါတယ် ။ ....... မျက်နှာတည်တည် နေတတ်တာ ကလည်း တခါ တလေကျတော့ human communication မှာ အမြင် လွဲမှားရ တာတွေ လည်းရှိနိုင်တာဘဲလေ။ ...... ကျွန်မက ကိုယ်ကိုကိုယ် ဘယ်တော့မှ လူကြီးလိုမစဉ်းစားဘူး ။ အဲဒါ .. မရင့်ကျက်တာဘဲ ။ ... ဒါကြောင့် သူများ မရင့် ကျက်တာကို စိတ်ဆိုးနေဖို့ထက် ကိုယ်ကိုတိုင် ရင့်ကျက်အောင်အရင်ကြိုးစားသင့်တယ် ။ ....... နောက်ဆိုရင် ဘာဘဲ ဖြစ်ဖြစ်ပေါ့ ........ ... အရင်ဦးဆုံး အပြုံးပန်းတစ်ပွင့်နဲ့ ရင့်ကျက်မှုအတွက် ခြေလှမ်းပြင် ရ တော့ မှာပါ ။ အရာရာကို မေတ္တာဆိုတဲ့ စိတ်လေးထားနိုင်အောင်လည်း ကြိုးစားရမှာ ။ ကိုယ်ကိုကိုယ်လဲ အပြစ်တင် မိပါ တယ် ။ ....... မခက်ခဲတဲ့ လက်ဆောင်တစ်ခုအတွက် ကျွန်မ နှမြောတတ်ခဲ့လို့ပါ ။ ....

Wednesday, May 16, 2007

မပြီးနိုင်သေးတဲ့ ကျောင်းသူဘဝ

ဘာလိုလိုနဲ့ တက္ကသိုလ်ကျောင်းသူ လုပ်လာတာ ၆ နှစ်နီးပါးရှိနေပါပြီ ။ ကျောင်းပိတ်ရက်တွေရော အပါအ၀င်ပေါ့။ ..... ပထမနှစ် ၊ ဒုတိယနှစ် ၊တတိယနှစ် ရယ် အဲဒါပြီးတော့ ဂုဏ်ထူးတန်းတစ်နှစ် ၊ မဟာတန်းတစ်နှစ်ရယ်ပေါ့ ။ ...... အခုကတော့ thesis ကျောင်းသူ လုပ်နေရဆဲလေ ။ coursework ကျောင်းသူ လုပ်ရတုန်းကတော့ exam ကို စာကျက် စာတွက် .... ဒီလိုနဲ့ဖြေပြီးအောင်ခဲ့တယ် ။ ဘွဲ့ယူရတုန်းကလည်း ဒီလိုဘာဘဲဆိုပြီးလေ သိပ်ကြီး Feeling တော့မရှိခဲ့မိပါဘူး ။ .... thesis လုပ်တော့မှဘဲ ကျောင်းမှာသင်ခဲ့တဲ့ စာတွေရဲ့သဘောကို ပိုနားလည်မိပါတယ် ။ ... ကိုယ်လုပ်မဲ့ theory ကိုလည်း ပိုင်နိုင် အောင် လေ့လာရတယ် ။ ..... Software အတွက် data ကိုလည်း ခေါင်းမူးအောင် ရှာရဖွေရတုန်းလေ ။ ကိုယ်ကိုကိုယ်လည်း “ငါ data တွေကို ရအောင်ရှာနိုင် မှာပါ “ လို့လည်း မကြာခဏအားပေးနေရပါတယ် ။ ကျောင်းကိုလည်း မကြာခဏအမြဲသွားပြီး supervisor ဆရာမကို ကိုယ်ဖတ်နေတဲ့စာနဲ့ data ရဲ့ အခြေအနေ ကိုလည်း တိုင်ပင်ရတာပေါ့နော် ။ ....... seminar လုပ်တော့လည်း ကြောက်နေတဲ့ စိတ်ကို တင်းထား ရသေးတယ် ။ သူငယ်ချင်းတွေ အားလုံးကလည်းပြောနေကြတယ် ။ ..... ဒီတခါဘွဲ့ယူ ရရင်တော့ ငါတို့အတွက်တော့ တကယ်မှတ်တိုင် တစ်ခုပါဘဲတဲ့ ။ thesis ခေါင်းစဉ် နဲ့ theory ရဖို့ရယ် တင်ပြနိုင်ဖို့ကို ကျွန်မတို့တွေ ကြိုးစားခဲ့ရလို့ပါ ။ အဆင်မပြေနေတဲ့ သူငယ်ချင်းတွေကိုလည်း စိတ်ဓါတ် မကျအောင် အတူတူစာဖတ်ပြီး စဉ်းစားပေးကြရတယ် ။ သြော် .. အခုမှဘဲမဟာဘွဲ့ဆိုတာနဲ့ တန်နိုင်ဖို့ ကိုယ်ကိုကိုယ်ပိုပြီး သဘော ပေါက်ရပါတော့တယ် ။

(တအုံ (UCSM) က first batch မဟာ(ကျမ်းပြု)တန်း ကျောင်းသူများသို့ )

Thursday, May 10, 2007

ရှမ်းအကနဲ့ တစ်ခဏ

တစ်နေ့က ဖြူဖြူကျော်သိန်းရဲ့ အတောင်ပံတွေနဲ့ ရိုက်ထားတဲ့ ကြော်ငြာကိုမြင်ပြီး ငယ်ငယ်က အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ်။ .. အဲဒီတုန်းက မိုးကုတ်မှာပေါ့။...... ကျွန်မနေတဲ့ အရပ် (ရက်ကွက်) က တန်ဆောင်တိုင်ပွဲတော်အတွက် ရန်ပုံငွေရှုာဖို့ (မီးစုခံထွက်ဖို့) မိုင်းလုံက ရှမ်းအသင်းနဲ့ ပုးပေါင်းပြီး ရှမ်းအိုးစည် ရယ် ကိန္နရာရှမ်းအက နဲ့ ဖျော်ဖြေဖို့ အစီအစဉ် အတွက် ကျွန်မတို့ အရွယ်လေး တွေကို အကူအညီတောင်းပါတယ် … ...ကျွန်မ ကလည်း ရှမ်းအသင်းနေရာ ကအိမ်နဲ့ နီးတာရယ် ဒေါင်းလို အတောင်ပံတွေ နဲ့လည်း ကချင်တယ်ဆိုပြီး ရှမ်းအက သင်လိုက်ပါတယ် ။ ..... ကျွန်မ မှတ်မိသလောက် တော့ ရှမ်းအက က နံပါတ်စဉ်နဲ့ အဆင့်တွေရှိတယ်။ အဆင့်တိုင်းမှာလည်း အကွက်တွေနဲ့ပေါ့ ။ ....... အဲဒါတွေ ရောမသွားအောင် မှတ်ထားရတယ်။ ကျွမ်းကျင်တဲ့လူကိုဘဲ အဲဒီ အတောင်ပံနဲ့ ကရမယ်ပေါ့ ။ ကျွန်မ မှာအတောင်ပံတွေကို သဘောကျပြီး ကျွမ်းကျင် အောင်လို့ ကျောင်းက ပြန်လာရင် လေ့ကျင့်လိုက်ရတာ ။ ........... နောက်ပိုင်း အတောင်ပံနဲ့ လေ့ကျင့်ခွင့်ရတယ် ။....... တကယ်တမ်း ကျ တော့ ကိန္နရာ ၀တ်ရုံကြီးက (၄)ပိဿကျော်လေးတော့ ကျွန်မ ကောင်းကောင်းကြီးမနိုင်ဘူး ။ ....... သူများအရှေ့တော့ နိုင်ချင် ယောင်ဆောင်ရတယ် ။ ၃ ရက်လောက်ထိဘဲ အလို လုပ်နိုင်ပါတယ် …. နောက်ရက် တော့ခါးတွေနာ ပြီးဖျုား ပါလေရောလေ ။….. ဟိုဘက်ကလည်း ပွဲကနီးပြီဆိုတော့ ကျွန်မ မပါနိုင်တော့ဘူးပေါ့ ။ ဒီလိုနဲ့ ကျွန်မ နဲ့ ကိန္နရာအတောင်ပံ ဇာတ်လမ်း မပြီးလိုက်ဘဲ အဆုံးသတ်ခဲ့ရပါတယ်။ ….. ရှမ်းအိုးစည်သံ ကြားရရင်တော့ ငယ်တုန်းက အကြောင်းလေးတွေ သတိရမိတာပေါ့ ။ ................ အခုကတော့ ရှမ်းအိုးစည်သံ နဲ့လည်းဝေးနေတာကြာပါပြီ် ။ ဖြူဖြူကျော်သိန်းရဲ့ကြော်ငြာကြောင့် သတိရလိုက်တာလေ ...............

Tuesday, May 8, 2007

လွမ်းနေရဆဲပါ..........


ကျွန်မ လူမှန်းသိတတ်ကာစ အရွယ်ကနေ အရင်းနှီးဆုံးမှတ်မိနေတာက အဖွား(အမေ ရဲ့အမေ) ပါ။....... အဖွားက မိုးကုတ်ဇာတိ ရှမ်းနဲ့တရုတ်(ကွမ်းတုံ) ကပြားပါ ။ .......ဗမာစကားကိုလည်း တော်တော် ရေလည်ပါတယ်။ ....... မွတ်နေတယ်လို့တောင်ပြောလို့ရတယ်။... အဖွားယူတဲ့ ယောကျာ်း(ကျွန်မ အဖိုး)က ဂေါ်ရခါး စစ်စစ်ကြီး ..... အဖွား ကသူ့မိတ်ဆွေတွေနဲ့တွေ့ရင် ရှမ်းစကားဘဲပြောပါတယ်။.....အဖိုးရဲ့ အမျိုးတွေလာရင်လည်း ဂေါ်ရခါးလိုလဲရပြန်ရော။.... ကျွန်မ ငယ်ငယ်တုန်းကဆိုရင် .....အဲလို စကားတွေ အများကြီး ပြောချင် တယ်ဆိုပြီး .......တင်္ဂျီဂျီလုပ်ဘူးတယ် ။သမီးကျတော့ မပြောတတ်ဘူးဆိုပြီး စိတ်လည်း ကောက်ဘူး တယ်။. .... ပြီးတော့ ကျွန်မရဲ့ အိပ်ရာဝင်ပုံပြင်တွေကလည်း အဖွားကြောင့် အခန်းဆက်နဲ့ကို စိတ်ဝင်စား ဖို့ ကောင်းခဲ့တာ။ .......တကယ်တော့ပုံပြင်တွေ မဟုတ်ဘူး။ .. ဒုတိယကမ္ဘာစစ်တုန်းကြီးတုန်းက အဖွားတို့ ကြုံခဲ့ ဆုံခဲ့တာတွေကို ထပ်တယ်မရှိအောင် ရိုးတယ်မရှိအောင် ပုံပြင်လိုပြောပြခဲ့တာလေ။.........ကျွန်မ ကလည်း ငယ်ငယ်ကတည်းက ပုံပြင်အဖတ်များခဲ့တော့ အဖွားကို မှာထားတာတစ်ခုရှိတယ် ။....... ကလေး အတွေး နဲ့ပါ ။ .... တကယ်လို့ အဖွားသေသွားပြီးရင် နတ်သမီး လုပ်ပြီးသမီးဆီလာရမယ်နော်လို့ ခဏခဏ မှာတတ်တယ် ။မေ့မှာစိုးလို့ဆိုပြီးလေ။.... ကျွန်မ ၃ တန်းနှစ်မှာ အဖွားက ကျွန်မကို ခွဲသွားပါတယ်။ အခုဆိုရင် မေလ ၄ ရက်နေ့ က အဖွားခွဲသွားခဲ့တာ ၁၅ နှစ်ပြည့်ခဲ့ပါပြီ။ ကျွန်မ ရဲ့ ငယ်စဉ်ကလေးဘ၀မှာ အဖွားက အကောင်းဆုံး အချိန်နဲ့ ပြီးပြည့်စုံတဲ့ မေတ္တာကိုပေးခဲ့ပါတယ်။ အဖွားအကြောင်းပြောရရင် မကုန်တော့ ပါဘူး။ .... တခါတလေ ကျွန်မ စိတ်ဓါတ်တွေ ကျပြီး ၀မ်းနဲနေရတဲ့ အချိန်တွေမှာလည်း ကျွန်မရဲ့ ထက်မြတ်တဲ့ အဖွားသာရှိရင် ဆိုပြီး သတိ အရမ်း ရတတ်ပါတယ် ။ ...... ဆုံတွေချိန်က နည်းခဲ့ပေမယ့် တိုတောင်းခဲ့ပေမဲ့ .... အခုချိန်ထိတိုင်လည်း........ လွမ်းနေရဆဲပါ။.....

Sunday, May 6, 2007

မေမြို့ ဒိုင်ယာရီ



မောင်လေးနဲ့ ချစ်တီးထမင်းဆိုင်မှာ...... ပဲဟင်း ကလွဲရင်အကုန်စားမယ်တဲ့။










မဂျူး ကလည်း ဖိနပ်အသစ်ကြီးနဲ့ ....











ဘာချောင်းနေလဲ မသိဘူးနော်။







ချယ်ရီမြေ မှတ်တမ်း


ကျွန်မ ညီမနှစ်ယောက်... သူတို့က... မိုးဟေကို နဲ့ ရတနာပုံလေ။:P
ရတနာပုံလို ... အရပ်ရှည်ပြီးပိန်တဲ့တစ်ယောက်ရယ်..
မိုးဟေကို နဲ့ ခပ်ဆင်ဆင်တစ်ယောက်.....
သူတို့ကို အဲလိုပြောရင် အရမ်းစိတ်ဆိုးတတ်ကြလို့ပါ။






ဘာတွေပြောနေမှန်း မသိဘူး။







ဒါက မမကြီး "ဂျူး"







ညနေစောင်း.. ပျင်းလို့ထိုင်နေတယ်။









မေမြို့က မီးလာဘူး။








မောင်လေးတစ်ယောက်... DSTA ပထမနှစ်တက်နေတာ ။..
အဖိုးနဲ့ အဒေါ်တွေက တွေ့ချင်လို့ ခေါ်လာတာ။(Sunday) မို့လို့လေ။





ချယ်ရီမြေသို့ တစ်ခေါက်


ကျွန်မ မေ(၄)ရက်နေ့က မေမြို့ကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ပါတယ်။...... မန္တလေးက အတော်များများက အရမ်းပူရင် အသက်ကြီးတဲ့ သူတွေနားလို့ရအောင် ဆိုပြီးမေမြို့မှာ အိမ်ဝယ်လေ့ရှိကြတယ်။......ဒီတစ်ခါက ကျွန်မအဖိုးနဲ့ မြေးတစ်သိုက်ရဲ့ခရိးစဉ်ပါ။ ကျွန်မ ကလည်း ပြင်ဦးလွင် ကိုသဘောကျတယ်။.............. အခုအချိန်မှာက ကျွန်မက ကျောင်းရော အလုပ်ရော ဆိုတော့ “ပတ္တမြားမြေ” နဲ့ ဝေးနေရတာကြာပြီလေ။.... ဒီတော့ မြေကြီးအနီရောင်ရှိတဲ့ “ချယ်ရီမြေ” ရဲ့ ရနံ့ကိုခံစားရအောင်အစီစဉ်မရှိဘဲနဲ့ မေမြို့လိုက်သွားခဲ့တယ်။ အဲဒီမှာ တစ်ညအိပ်ခဲ့တယ်။ …..မေမြို့က ကျွန်မနေတဲ့အိမ်က ခြံစည်းရိုးပင်တွေ ရယ် ၊ ပန်းရောင်စုံနဲ့ အလှဆင်ထားတယ်။....... ညဘက်မှာလဲ တိတ်ဆိတ်ခြင်းကို ခံစားရတယ်။ ..........အိပ်ရာဝင်ရင် လည်း ဖုန်(စောင်)ခြုံရသေးတယ်။.. တကယ်ဘဲ ….မိုးကုတ် နဲ့ဆင်တယ်။ …. .. တခြားသူတွေတော့ မသိဘူးပေါ့နော်။ …....... ကျွန်မကတော့ ကိုယ်အတွေးနဲ့ကိုယ်….. မြေကြီးနီနီရယ် ၊ ချယ်ရီပင်ရယ် ၊ သစ်တော်ပင်ရယ် ၊ညဘက်တိတ်ဆိတ်နေတဲ့ အချိန် .. ပုစဉ်းအော်သံတွေရယ် ၊အေးမြတဲ့ အငွေ့အသက် တွေရယ် …. အဲဒါတွေရှိတာကြောင့် လည်း “ပတ္တမြားမြေ” ကိုသတိရမနေတော့ ဘဲ...... မောင်တို့ချယ်ရီမြေမှာ ပန်းသမျှ နွမ်းသမျှ အလွမ်းဖြေခဲ့ ပါတော့တယ် ။

Tuesday, May 1, 2007

ကြုံသလို တစ်နေ့တာ……


ဒီနေ့ ရုံးကိုလာရတာအတွေ့အကြုံတစ်မျိုးလေးပါဘဲ။... ဘာလို့လဲဆိုတော့ အမြဲစီးနေကျ ဆိုင်ကယ် က engine ချထားတော့ ကျွန်မ အပြင်သွားဖို့ အခက်အခဲရှိနေတယ်။.... ကျွန်မ အဖေ နဲ့ မောင်လေး ကလည်း အလုပ်ရှုပ်နေတော့ ရုံးသွားချင်လို့ လိုက်ပို့ပေးပြီးရင် ပြန်ကြိုဖို့က မသေချာတော့ဘူး။...... ကျွန်မ class ပြီးလို့ ပြန်ချင်ရင် အဆင်မပြေတော့ဘူးလေ။........... ဒီတော့ ကိုယ်ဟာကို အားကိုးမယ်ဆိုပြီးဟိုး… မစီးတာကြာပြီဖြစ်တဲ့ စက်ဘီးကို လေထိုးပြီးထွက်လာခဲ့တယ်။စက်ဘီး မစီးတာကလည်း အတော်ကြာနေပြီ ။ ၅နှစ် လောက်လည်းရှိလောက်ပြီ။.......စီးရတာ တကယ်တစ်မျိုးကြီးဘဲ။ ....... ဘရိတ် ကလည်းမမိချင်တော့ တကယ် ဘုရားတပြီး စီးလာရတာပေါ့။ တော်တော်လဲ မောရတယ်။ .......MICT Park ရောက်ခါနီး လမ်းအကူးမှာတောင် စက်ဘီးတစ်စီးနဲ့ တိုက်မိမလိုဖြစ်ရသေးတယ်။ ....မေမေက ပေးမသွားချင်ဘူး။ ဖြစ်ချင်တော့.. ဆရာမကတောင် သူတို့ကို မသင်ရမှာစိုးလို့ အားတင်းပြီး လာတာ တပည့် ကိုယ်တော်ချောတွေက မလာကြဘူးတဲ့။ .........ဖြစ်ရလေနော်။….အော် ကျွန်မ က MICT ကိုလာရင် ရွှေဖြူပလာဇာမှာ ဆိုင်ကယ်ထားနေကြလေ။ဒီနေ့ စက်ဘီးကြီးနဲ့ဝင်သွားတော့ ….ဦးလေးကြီးတစ်ယောက်က ရွှေဖြူက ၀န်ထမ်းမှ စက်ဘီးအပ် လို့ရတာ တဲ့ ။.......... အမောတောင် ဆို့ သွားတာဘဲ။မရဘူး….. အပ်မှာဘဲ …ဆိုပြီး ထားခဲ့ရတယ်။

<$BlogPageTitle$> <$BlogMetaData$>