Sunday, April 29, 2007

ထိကရုံးပင်

ခရမ်းရောင် ငွေမှုန်လဲ့နှင့်

နွဲ့ပါဘိ သူ့ဟန်သွင်

ဆွတ်ချင်လို့မေး။

ထိစမ်းနှင့်လေ

ပွေလာလျှင် တကယ်မုန်းပါငဲ့

ရုန်းလိုက်မယ်လေး။

ဒီကဗျာကို ဆရာဇော်ဂျီ ရေးခဲ့တာပါ။… ကျွန်မက မဂ္ဂဇင်း တစ်အုပ်မှာဖတ်မိရင်း သဘောကျလို့ဆိုပြီးမှတ်ထားမိတယ်။…. ဒီကဗျာလေးက ထိကရုန်းပင်ရဲ့ အလှနဲ့ သဘာဝကို မိန်းကလေးတစ်ယောက်နဲ့ တင်စားပြီးပြောသွားတာပါ။….. တကယ်ဘဲ အတွေးတွေ အများကြီးပေးပါတယ်။ …… စိမ်းညို့ရောင် ထိကရုန်းပင်လေးတွေက သူ့ရဲ့ ရွက်စိုနုနုတွေကို ထိလိုက်ရင် ဖျက်ခနဲ့ ပွင့်ရွက်လွှာလေးတွေကို ပိတ်ပစ်လိုက်ကြတယ်။…… ကျွန်မတို့ ငယ်ငယ်ကဆိုရင်လေ ထိလိုက်ရင် ရုန်းတတ်တဲ့ ပွင့်ချပ်တွေကို သဘောကျ လို့ဆိုပြီး လိုက်ပြီး တို့ထိကစားကြတယ်။……… ပျော်ချင်လို့ ကစားတာလား၊ မြတ်နိုးလိုစိတ်နဲ့ လားလို့တောင် မခွဲခြားနိုင်သေးမီမှာဘဲ.. သူ့မျက်လွှာလေးတွေ ပိတ်သွားတော့တာဘဲ။… တကယ်ဘဲ အိနြေ္ဒရလိုက်တာနော်။........ပြီးတော့ ထိကရုန်းပင်လေးတွေက အဲလိုကစားတိုင်းလည်း အထိမခံကြဘူးပေါ့နော်။…. သူကိုယ်သူလဲ ဆူးတွေနဲ့ ကာကွယ်ထားသေးတယ်။……. . ထိကရုံးလေးတွေရဲ့ သဘာဝပေးတာဝန်က မိန်းကလေးတွေအတွက်တော့ နှစ်သက်လေးစား ၊
အတုယူဖွယ်ရာဘဲနော်။…………..

No comments:

<$BlogPageTitle$> <$BlogMetaData$>