Wednesday, March 21, 2007

အလောင်းတော်ကဿပ သို့

. ကျွန်မက ခရီးသွားခြင်းကိုအရမ်းသဘောကျကယ်။၁၄.၃.၂၀၀၇ မှာအလျောင်းတော်ကဿပကိုသွားဖို့ မနက်၃နာရီကနေထပြီးပြင်ဆင်ကြတယ်။ကျွန်မတို့ညီအမနှစ်ယောက်ကအမျိုးတွေနှဲ့အုပ်စုလိုက်သွားတာကိုလိုက်သွားကြတာ။
မနက်၎နာရိခွဲလောက်မှမန္တလေးကနေထွက်ဖြစ်ကြတယ်။ပစ္စည်းတွေကလဲအများကြိးယူသွားကြတယ်လေ။
စောင်တွေရော၊ခြင်ထောင်ရော၊ထမင်း၊ဟင်း၊ရေဗူးအပြည့်အစုံနဲ့။ဟိုမှာတစ်ညအိပ်နေပြိးဘုရားဖူးဖို့အတွက်……..
ကျွန်မတို့ကမန္တလေး-မတ္တရာပြေးတဲ.မီနီbusကိုငှားပြိးလူ(၂၅)ယောက် သွားကြတာ။ ကျွန်မအဖွားကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါး ကိုလည်းပင့်သွားတယ်။စစ်ကိုင်းရောက် တော့(အဖွားသန်းရဲ့) သီလရှင်ကြီး ၂ ပါး ကလည်း အဆင်သင့်စောင့်နေကြတယ်။ ကျွန်မကတော့ မနက် စောစောထရလို့နေ မှာ ကားပေါ်မှာ အိပ်ငှိုက်နေတာဘဲ။ မနက် ၇ နာရီကျော်ကျော်လောက်မှာ. ညောင်ပင်ဝန်း ရောက်တော့ ထမင်းဆိုင်တစ်ခုမှာ ကားခဏရပ်တယ်။ အားလုံး ကားပေါ်ကဆင်းပြီး coffee တို့ tea တို့ မုန့် စားတဲ့ လူ ကစား ပေါ့။ပေါက်တဲ့လူ က လဲ ပေါက်ကြနဲ.ပေါ.။ကျွန်မ အဒေါ်က ကျွန်မကို ဆမူဆာ စားတဲ.။မစားချငိဘူးဆိုပြိး ငါးဖယ်ကြော် ၂ ခု ဘဲ စားပြီး ကားပေါ်တက်နေလိုက်တယ်….ပြီးတော့မန္တလေးက၀ယ်လာတဲ့အချဉ်(ယိုတွေ)တွေထိုင်စားနေလိုက်တယ်။ချောစုကမဂူးနော်…
.ပြီးမှဘာသံမှမကြားချင်ဘူးနော်တဲ့…..
မသွားခင်ရက်ကဖျားထားတာကိုး ။အငယ်က အကြီး သိပ် လုပ်ချင်တာဘဲနော် တဲ့.မနက်၈နာရိခွဲလောက်တော့ မုံရွာ ကိုရောက်တယ်။ မုံရွာ မှာ မုန့်တီ ၀င်စားစေသးတယ်။ ပြီးတော့ အလုံ ဘိုးတော် ပွဲ ရှိတော.အလုံ ခဏ၀င်ပြီး လူကြီး တွေ ဆင်းပြီး ကန်တောပွဲပေးသေးတယ်။ပြီးတော့ ယင်းမာပင် မြို့ ကနေပြီးခရီးဆက်ခဲ့ကြတယ်။...

No comments:

<$BlogPageTitle$> <$BlogMetaData$>